DVB Logo
Home
မြန်မာသတင်း
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF ရဲဘော်များနှင့် တွေ့ဆုံ(ဓာတ်ပုံ)
DVB
·
June 7, 2022
NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း PDF ရဲဘော်များနှင့် တွေ့ဆုံ(ဓာတ်ပုံ)
1 / 6
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းဟာ ရှေ့တန်းစစ်စခန်းတခုဆီ သွားရောက်ပြီး PDF ရဲဘော်တွေနဲ့ တွေ့ဆုံအားပေးခဲ့တယ်လို့ ဇွန် ၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က လူငယ်​တွေ တကယ်​တော့ ​အေး​အေးချမ်းချမ်း ပညာသင်​နေကြရမယ့် က​လေး​တွေ တိုင်းပြည်လိုအပ်ချိန်မှာ ​ရှေ့တန်းထွက်ပြီး ပါဝင်လာကြတာကို ​လေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓာတ်က အ​ရေးကြီးကြောင်း၊ CDM တွေဆိုလည်း ဒီလိုပဲ ​တောင့်ခံ​ပေးထားကြတာ အရမ်း​လေးစားဖို့ကောင်းကြောင်း၊ တိုင်းရင်းသား​တွေနဲ့ ငါတို့နဲ့ တသားတည်း ဒီ​တော်လှန်​ရေးကို နိုင်​အောင်တိုက်ကြမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရှေ့တန်းရောက် PDF ရဲဘော်တွေနဲ့အတူ PDF အလံအလေးပြုတာ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကတော့ အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာတော့မယ်လို့လည်း (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

Photo- NUG

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013