DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်ကို ပေးခဲ့သည့် ဘယ်လ်ဂျီယံစိန်လက်စွပ်ကိစ္စ ဆီးနိတ် စုံစမ်းစစ်ဆေး
DVB
·
August 14, 2026
Photo: US EMBASSY BRUSSELS
Photo: US EMBASSY BRUSSELS
Donate to DVB

ဥရောပ စိန်လုပ်ငန်းကို သွင်းကုန်အခွန် ကင်းလွတ်ခွင့် မပေးခင် သီတင်းပတ်အနည်းငယ်အလိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို စိန် ၃၂၁ ပွင့်ပါ ၁၈ ကာရက် ရွှေလက်စွပ် ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် ဆီးနိတ်အမတ်တွေက ဘယ်လ်ဂျီယံကုမ္ပဏီ ၂ ခုထံမှ အကြောင်းပြန်ချက် တောင်းဆိုနေပါတယ်။

အမေရိကန် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် အန့်တွာ့ပ်ကမ္ဘာ့စိန်ဗဟိုဌာန (AWDC) ဥက္ကဋ္ဌက ထရမ့်ပ်အတွက် လက်ဆောင်အဖြစ် ဒီလက်စွပ်ကို ဇွန် ၂၈ ရက်မှာ ဘယ်လ်ဂျီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဘီးလ်ဝှိုက်ကို လွှဲပြောင်းပေးခဲ့တာပါ။

အခမ်းအနားမှာ AWDC ဘုတ်အဖွဲ့ဥက္ကဋ္ဌ အိုင်စီဒိုးမော်ဆယ်လ်က "လက်စွပ်ဆိုတာ ရတနာတခုထက် ပိုပြီး သစ္စာ၊ ယုံကြည်မှုနဲ့ ခိုင်မြဲတဲ့ သံယောဇဉ်ကို ဖော်ဆောင်တဲ့ သင်္ကေတပါ" လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒီလက်ဆောင်ဟာ ဖက်ဒရယ် လာဘ်ပေးလာဘ်ယူမှု ဥပဒေအရ စိုးရိမ်စရာ မေးခွန်းတွေ ထွက်ပေါ်နေတယ်လို့ ဆီးနိတ်အမတ် အဲလိဇဘက်သ် ဝေါ်ရန်နဲ့ ရစ်ချတ် ဘလူးမန်သဲလ်တို့က သြဂုတ် ၁ဝ ရက်စွဲနဲ့ AWDC နဲ့ David Gotlib Luxury Cufflinks စိန်ကုမ္ပဏီတွေဆီ ပေးပို့တဲ့စာမှာ သတိပေးထားပါတယ်။

ဇူလိုင် ၂၄ ရက်မှာ ထရမ့်ပ် အစိုးရက ဥရောပ သဘာဝစိန်တွေကို Section 301 သွင်းကုန်အခွန်မှ ကင်းလွတ်ခွင့်ပေးကာ ဘယ်လ်ဂျီယံ စိန်လုပ်ငန်းအတွက် အခွန် သုည ရာခိုင်နှုန်း ပြန်ပေးခဲ့ပါတယ်။

အမတ်တွေက ဒါဟာ "မရိုးသားမှုကို ပေါ်ပေါ်ထင်ထင် ပြသနေပြီး သမ္မတကို လက်ဆောင်ပေးရုံနဲ့ နိုင်ငံခြား အထူးစီးပွားရေးအဖွဲ့တွေက အခွန်ကင်းလွတ်ခွင့်ကို ဝယ်ယူနိုင်တယ်ဆိုတဲ့ အယူအဆကို ပိုခိုင်မာစေတယ်" လို့ ထောက်ပြကြပါတယ်။

အမတ်တွေက လက်စွပ်တန်ဖိုးနဲ့ အခွန်ကင်းလွတ်ခွင့် ဆွေးနွေးမှု ရှိ၊ မရှိ မေးခွန်းတွေကို သြဂုတ် ၂၄ အမီ အကြောင်းပြန်ဖို့ တောင်းဆိုထားပြီး သတင်းတွေအရ လက်နဲ့ သေချာဖန်တီးထားတဲ့ လက်စွပ်တန်ဖိုးမှာ ဒေါ်လာ ၂၅,၀၀၀ မှ ၃၅,၀၀၀ ကြား ရှိနိုင်ပါတယ်။

အိမ်ဖြူတော်ကတော့ အထူးစီးပွားရေးအဖွဲ့တွေကို အခွင့်ရေးပေးမှု မရှိဘဲ အမေရိကန်-အီးယူ ကုန်သွယ်ရေး သဘောတူညီချက်အတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ငြင်းဆိုပါတယ်။

အစိုးရအဖွဲ့ တာဝန်ရှိသူတယောက်ကတော့ ဒီလက်စွပ်ဟာ ဖက်ဒရယ်အစိုးရပိုင်ဖြစ်ပြီး သမ္မတ ပိုင်ဆိုင်ချင်တယ်ဆိုရင် အစိုးရဆီမှာ ပေါက်ဈေးအတိုင်း ဝယ်ယူရမယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013