DVB Logo
Home
မြန်မာသတင်း
အာဆီယံလူထုဖိုရမ်မှ လူထုအသံကို ဖော်ထုတ်မည်
DVB
·
March 23, 2014
အာဆီယံလူထုဖိုရမ်မှ လူထုအသံကို ဖော်ထုတ်မည်
Donate to DVB

မြန်မာနိုင်ငံရဲ့ အာဆီယံလူထုဖိုရမ်ကနေ အာဆီယံအသိုင်းအ၀န်းမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အသံတွေကို ဖော်ထုတ်သွားမယ်လို့ လူထုအခြေပြုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဆီယံလူထုဖိုရမ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လူထုကိုယ်စားလှယ်တွေနဲ့အတူ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗွီးရှင်းစင်တာမှာ ဒီနေ့ကစတင်ပြီး ၃ ရက်ကြာ ဆွေးပွဲပေါင်းများစွာဖြင့် ကျင်းပနေတာဖြစ်ပါတယ်။

DSC01398ဒီဖိုရမ်က ရလာတဲ့အချက်တွေကို အာဆီယံအခြေပြု အစိုရတွေရဲ့ ထိပ်သီးအစည်းအဝေးပွဲတွေ မှာ ထည့်သွင်းဆွေးနွေး သွားတဲ့အထိ သက်ဆိုင်ရာအစိုးရတွေကို တောင်းဆိုသွားမယ်လို့ လူအခွင့်အရေး မြှင့်တင်သူ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ အာဆီယံလူထုဖိုရမ်ကို လူဦးရေ ၂၈၀၀ ကျော်တက်ရောက်လာပြီး ပြည်တွင်းပြည်ပမှ လူမှုရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

HIV/AIDS ရောဂါဖြစ်နေသူတွေအတွက် မြန်မာနိုင်ငံမှာ ARV ဆေးအလုံအလောက်ရရှိအောင် ဆောင်ရွက်ပေးဖို့ ဦးစားပေးဆွေးနွေးသွားမယ်လို့ ဧရာဝတီတိုင်း ပုသိမ်မြို့က ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ ကွန်ယက်ဝင်တဦးဖြစ်တဲ့ ဦးအောင်စိုးမိုးက ပြောပါတယ်။

LGBTIQ အမည်ပေးထားတဲ့ လိမ်စိတ်ခံယူမှုကွဲပြားသူများအဖွဲ့ကလည်း ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီး အဓိကထားဆွေးနွေးသွားမယ်လို့ မန္တလေးကနေဖိုရမ်တက်ရောက်လာတဲ့ မကြီးပွင့် ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူမှုပတ်ဝန်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခံနေရတာတွေ ရှိနေတယ်လို့ တက်ရောက်လာတဲ့ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

လိင်လုပ်သားတွေဟာ လူမှုပတ်ဝန်းကျင်မှာခွဲခြားဆက်ဆံခံနေရတယ်ဆိုတာကို မသူသူအေး က ပြောခဲ့တာပါ။

အခုလို အာဆီယံမှာရှိတဲ့ လူထုအဖွဲ့အစည်းတွေ ပါဝင်ပြီး ဖိုရမ်တခုအဖြစ် ကျင်းပနိုင်ဖို့ အစိုးရနဲ့ နားလည်မှုတွေ များစွာတည်ဆောက်ခဲ့ရတယ်လို့လည်း စီစဉ်သူတွေ ပြောပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013