DVB Logo
Home
မြန်မာသတင်း
ဗမာ့ကျောင်းသားများအဖွဲ့အစည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကျင်းပ (ဓာတ်ပုံ)
DVB
·
June 6, 2022
ဗမာ့ကျောင်းသားများအဖွဲ့အစည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကျင်းပ (ဓာတ်ပုံ)
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် တမူးပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတစ်ခုဖြစ်တဲ့ ဗမာ့ကျောင်းသားအဖွဲ့အစည်း(BSO)ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အကြိုအခမ်းအနားကို ဇွန် ၄ ရက်‌က လွတ်မြောက်‌နယ်မြေတနေရာမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို သက်ဆိုင်ရာဒေသအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM အဖွဲ့အစည်းတွေ၊ ဒေသကာကွယ်ရေးတပ်တွေ၊ NGO -EAOs အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ၊ တမူးဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ၁၇ ဖွဲ့မှကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

တပ်ရင်းတည်‌ထောင်တာ တစ်နှစ်ပြည့်ခဲ့ပြီး တစ်နှစ်ပြည့်အခမ်း အနားကနေ စစ်အာဏာရှင်ကျဆုံးတဲ့ အထိတော်လှန်သွားမယ်လို့  ဗမာ့ကျောင်းသားအဖွဲ့ အစည်းက‌ ပြောပါတယ်။

အဲ့ဒီအခမ်းအနားမှာ ဂုဏ်ပြုစစ်ရေးပြစစ်ကြောင်းတွေချီတက်တာ၊ ပြည့်သူကာကွယ်ရေးတပ်မတော် အလံတင်အခမ်းအနားကျင်းပတာ၊ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့တဲ့သ၀ဏ်လွှာတွေဖတ်ကြားတာ၊ ဆုရရှိတဲ့ တပ်ဖွဲ့၀င်တွေကို ဆုများချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့အတွက် ဗမာ့ကျောင်းသားအဖွဲ့အစည်း(BSO)ကို ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်က စတင်တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန် ၆ ရက်မှာ တပ်ရင်းဖွဲ့စည်းခဲ့တာ တစ်နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013