DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော
DVB
·
March 22, 2014
ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပြုပြင်ရန်လိုဟု ဒေါ်စု ပြော
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီကို သွားနေတယ်လို့ ပြောရင် ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်စားနေတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

1899954_1556162951275834_480959675_nမတ်လ ၂၂ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့ အောင်နန်းဘောလုံးကွင်းမှာ ကျင်းပပြုလုပ်တဲ့ အခြေခံဥပဒေပြင်ရေး လူထုဆန္ဒရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ စံနှုန်းစံထားနဲ့ မကိုက်ညီတဲ့ အပိုင်းတွေကို ကျမတို့ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ အဲဒီလို မပြုပြင် မပြောင်းလဲလို့ရှိရင် ဒီလို မပြုပြင်ပဲနဲ့ မပြုပြင်ချင်ပဲနဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကို လျှောက်နေပါတယ်လို့ ပြောတဲ့သူတွေဟာ ပြည်သူလူထုကို လှည့်ဖြားနေတာပဲလို့ ကျမ ဒီလိုပဲ ပြောချင်ပါတယ်။”

မိုးကုတ် အခြေခံဥပဒေပြင်ရေး လူထုဆန္ဒရယူပွဲကို မြို့ခံတွေ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၃ ရက်မှာ မိုးကုတ်မြို့က ပြန်လည်ထွက်ခွာမှာဖြစ်ပြီး ပြင်ဦးလွင်မှာ မန္တလေးဒေသခံ စာရေးဆရာတွေနဲ့ တွေ့ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013