DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် စက်သုံးဆီဆိုင်များ အကန့်အသတ်ဖြင့် ရောင်းချနေသဖြင့် တန်းစီဝယ်ယူရ၊ ဆီဈေး တက်သဖြင့် ကားခများဈေးတက်
DVB
·
June 5, 2022
မန္တလေးတွင် စက်သုံးဆီဆိုင်များ အကန့်အသတ်ဖြင့် ရောင်းချနေသဖြင့် တန်းစီဝယ်ယူရ၊ ဆီဈေး တက်သဖြင့် ကားခများဈေးတက်
Donate to DVB

မန္တလေးမြို့မှာ စက်သုံးဆီဆိုင်တွေ ဆီပြတ်လပ်တာကြောင့် ပိတ်ထားကြပြီး ဖွင့်တဲ့ဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့အပြင် ဈေးကြီးပေးပြီး အကန့်အသတ်နဲ့ ဝယ်ယူလာရတယ်လို့ မန္တလေးမြို့ ဒေသခံတွေက ပြောပါတယ်။

Denko ဆီဆိုင်မှာတော့ ဇွန် ၅ ရက်မနက်မှာ  95နဲ့ 92 ဓာတ်ဆီတွေ ပြတ်လပ်သွားတာကြောင့် ဒီဇယ်ထည့်အင်ဂျင်နဲ့ကားတွေကိုသာ စက်သုံးဆီဖြည့်တင်းဖို့ ပါကင်ထိုးခွင့် ပြုထားပါတယ်။

ဒီကနေ့ ဆီဆိုင်ကြီးတွေမှာ 92 က 2240 ကျပ် 95ကတော့ 2325 လို့ သတ်မှတ်ထားပေမဲ့ ဆီပြတ်သွားတာကြောင့် ဝယ်ယူလို့ မရတော့ဘဲ ဆီဆိုင်ငယ်လေးတွေမှာ 95 တစ်လီတာ ၃၀၀၀ ကျပ်နဲ့ 92 တစ်လီတာကို ၂၉၉၀ ဈေးပေးပြီး ဆိုင်ကယ်တွေ တိုးဝှေ့ ဝယ်ယူနေကြရတယ်လို့ ဆိုပါတယ်။

စက်သုံးဆီဆိုင်အများစုမှာ ဓာတ်ဆီပြတ်လပ်နေပြီး တန်းစီဝယ်ယူရင်လည်း မနက်အစော တန်းသွားစီရကာ နေ့လယ်လောက်မှသာ အလှည့်ကျဆီဖြည့်နိုင်တဲ့အတွက် အချိန်ပေးပြီးဖြည့်ရတယ်လို့ ဓာတ်ဆီသုံးစွဲသူတဦးက ပြောပါတယ်။ 

ဒါ့အပြင် ကျပ် ၂၀၀၀ ဖိုး ကျပ် ၃၀၀၀ ဖိုး အကန့်အသတ်နဲ့ ရောင်းချတာကြောင့် လိုအပ်သလောက် ဝယ်ယူလို့မရဘူးလို့လည်း သိရပါတယ်။

ကယ်ရီမောင်းသူ မန္တလေးမြို့ဒေသခံတစ်ဦးက “ကျနော်ဆိုရင် 95  သုံးတာဆိုတော့ 95 ဆိုင်သွားရှာရတာပေါ့နော်။  ဟိုဆိုင်မေးမရ ဒီဆိုင်မေးမရ နောက်ဆုံးရတဲ့ဆိုင်ထည့်ပြန်တော့လည်း အချိန်ပေးပြီး တန်းစီရပေါ့။ တချို့ဆိုင်တွေဆိုရင် အကန့်အသတ်နဲ့ပေါ့နော် ၂၀၀၀ ဖိုးပဲရတာမျိုးတို့  ၃၀၀၀ ဖိုးပဲရတာမျိုးတို့ အဆင်မပြေမှုတွေရှိတယ်။ ပြီးတော့ မနက်ကနေ တန်းစီလိုက်တာ နေ့လယ်လောက်တောင် ကိုယ့်အလှည့်မရောက်သေးဘူး”လို့ ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းများမြင့်တက်လာလို့ ခရီးသွားလာသူတွေအနေနဲ့လည်း ကားခတွေ မြင့်တက်လာတာကြောင့် ခရီးသွားလာသူနည်းပါးတဲ့အပြင် ကားထွက်အစီးရေတွေကိုလည်း လျှော့ချထားရတယ်လို့ ကားလိုင်းအသင်းတွေဆီက သိရပါတယ်။

မန္တလေး ယာဉ်လိုင်းအသင်း တာဝန်ရှိသူတစ်ဦးက “အရင်ကလောက် ကားအစီးရေမထွက်နိုင်တော့ဘူး။ ခရီးသည်လည်း တအားရှားပါးလာတယ်။ စားဝတ်နေရေးကလည်းခက်ခဲ ခေတ်ကလည်းမကောင်းတော့ ဘယ်မှလည်းမ သွားမလာနိုင်ကြတော့ဘူး။ အရင်တုန်းက ဆိုရင်တော့ တစ်လီတာမှ ဘယ်လောက်မှမရှိဘူးလေ။ ကျပ် ၇၀၀/၈၀၀ ဆိုတော့ အဆင်ပြေကြတယ်ပေါ့။ အခုလက်ရှိဈေးက အလွန်ဆုံး ၁၅၀၀ လောက်ဆိုရင်ကိုပဲ ပြည်သူတော်တော်များများအဆင်ပြေကြမယ်လို့တော့ ထင်တာပေါ့နော်။ အခုလိုဈေးနှုန်းနဲ့ကတော့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။”လို့ ပြောပါတယ်။

စက်သုံးဆီဈေးတွေ မြင့်တက်တဲ့အပြင် ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာတာကြောင့် လခစားဝန်ထမ်းတွေအနေနဲ့ ဆိုင်ကယ်နဲ့ အလုပ်သွားအလုပ်ပြန်တွေမှာ အခက်အခဲဖြစ်နေကြပါတယ်။

စက်သုံးဆီဆိုင်တွေ ပိတ်ထားတာကြောင့် ပိတ်ထားတဲ့ ဆိုင်တွေရဲ့ရှေ့မှာ ရေသန့်ဘူးနဲ့ စက်သုံးဆီရောင်းချတဲ့ ဈေးဆိုင်တွေလည်းပိုမိုများပြားလာပါတယ်။

လမ်းဘေးရေသန့်ဘူးနဲ့ ရောင်းချတဲ့ စက်သုံးဆီဆိုင်တွေမှာတော့ 92 တစ်လီတာကို ကျပ် ၃၀၀၀ 95 တစ်လီတာကိုတော့ကျပ် ၂၉၉၀ ဈေး ပေါက်ဈေးပေးပြီး ထည့်နေကြရတယ်လို့ ဝယ်ယူခဲ့သူတစ်ဦးက ပြောပါတယ်။

ပြင်ပသတင်းတွေမှာ စက်သုံးဆီပြတ်လပ်တော့မယ်လို့ သတင်းများထွက်ပေါ်တာဟာ မှန်ကန်မှုမရှိပဲ စက်သုံးဆီသင်္ဘောတွေ ဆိပ်ကမ်းတွေမှာ ဆီချလွှတ်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက  ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း   စက်သုံးဆီတွေ  အမြောက်အမြား ရှိတယ်လို ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စိန်ခေါ်ပြောကြားသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013