DVB Logo
Home
Lead Story
ကုန်သွယ်မှုမြှင့်တင်ရေး စင်တာများ ဖွင့်မည်
DVB
·
March 22, 2014
ကုန်သွယ်မှုမြှင့်တင်ရေး စင်တာများ ဖွင့်မည်
Donate to DVB

နိုင်ငံတကာနဲ့ ကုန်သွယ်ရေးလုပ်ရာမှာ အဆင်ပြေ လွယ်ကူစေဖို့အတွက် ကုန်သွယ်မှု မြှင့်တင်ရေးစင်တာတွေ (Trade Promotion Center) ကို လာမယ့် ဧပြီ ၁ ရက်နေ့ကစ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖွင့်လှစ် လုပ်ကိုင်သွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးတာဝန်ရှိသူတယောက်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။

1အဲဒီ Trade Promotion Center စင်တာတွေမှာ နိုင်ငံခြား တင်ပို့မယ့် ကုန်ပစ္စည်းနမူနာ တွေ၊ မြန်မာဘက်က ၀ယ်ယူတင်သွင်းနေတဲ့ ကုန်ပစ္စည်းစာရင်းတွေ၊ ပို့ကုန်နဲ့ သွင်းကုန် လုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေ၊ အခြား စီးပွားရေးနဲ့ဆိုင်တဲ့ အချက်အလက် တွေကို ပြသထားမယ့်အပြင် ကုန်သည်တွေအချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်မယ့် ဆွေးနွေးခန်းမ တွေနဲ့ စာကြည့်တိုက်တွေကိုပါ ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရ Trade Promotion Center ရုံးကိုလည်း တိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရုံးမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013