DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်က စစ်ဘေး၊ မီးဘေးရှောင်ဒုက္ခသည်များအတွက် အရေးပေါ်ဆေးဝါး အကူအညီလိုအပ်
DVB
·
June 4, 2022
ကနီမြို့နယ်က စစ်ဘေး၊ မီးဘေးရှောင်ဒုက္ခသည်များအတွက် အရေးပေါ်ဆေးဝါး အကူအညီလိုအပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက မီးဘေးသင့်ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်  အရေးပေါ်ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေက ကနီမြို့နယ်ထဲအတွင်း ကျေးရွာတွေမှာရှိတဲ့   ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အခုလိုအိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေ ဖြစ်နေကြရတယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။

ကနီမြို့နယ်အတွင်း  အကူအညီပေးနေတဲ့ ပရဟိတဆရာဝန်တဦးက “ဆေးဝါးကတော့ အရေးပေါ်ကိုလိုအပ်နေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ မတရားလုပ်နေတာကို အလူးအလဲခံနေကြရတယ်။ သူတို့သွားတဲ့လမ်းကြောင်းမှာရှိတဲ့ ရွာတွေကို မီးရှို့တယ်။ လူတွေ့ရင် ဖမ်းဆီးသတ်ဖြတ်နေကြတယ်။ အခုဆိုရင် ကျနော်တို့ ကနီမြို့နယ်ထဲက ကျေးရွာ ၁၆ ရွာက ဒေသခံတွေရဲ့ အိမ်ပေါင်း ၁၀၀၀ ကိုလည်း စစ်ကောင်စီက မီးရှို့ခဲ့ကြတယ်။ အဲရွာသားတွေဟာ နေအိမ်မရှိတော့ တောတောင်တွေအထဲဖြစ်သလိုနေ၊ ဖြစ်သလိုစားနေကြရတာကြောင့် ကျန်းမာရေးချို့တဲ့ သူတွေ အများအပြားဖြစ်နေကြရတယ်ဗျ။ အဲတာကြောင့်အကူညီ တွေပေးကြပါဦး” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းကနေ စုန်ဆင်းခဲ့တဲ့ စစ်ကောင်စီမော်တော်တွေဟာ ကနီမြို့ဆိပ်ကမ်းမှာ ဆက်လက်ရှိနေပြီး မုံရွာဘက်ကို စုန်ဆင်းလာရင်း မြစ်ကမ်းဘေးက ရွာတွေကို စစ်ကောင်စီက မီးရှို့မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့အောက်ဘက် မြစ်ကမ်းဘေးမှာရှိကြတဲ့ ကနဲအုပ်စု၊ နတ်ကြီးအုပ်စု ၊ ချိုင်အုပ်စု၊ မုဌောအုပ်စု ၊ အိုင်တောင်အုပ်စု ၊ တဇယ်ချောင်အုပ်စု ၊ နတ်မြောက်အုပ်စု ၊ နတ်တောင်အုပ်စု စတဲ့ ကျေးရွာအုပ်စု ၈ စုက ဒေသခံပြည်သူ ၂၆၅၃၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013