DVB Logo
Home
မြန်မာသတင်း
ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
June 4, 2022
ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန်လ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထီးလင်း-PDF (YRPA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့လို့ ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထီးလင်း-PDF ကနေ သိရပါတယ်။

ထီးလင်း-PDF တပ်ရင်း(၂)ရဲ့ ဒုတပ်ရင်းမှူး ဆရာပေါက်က “ထီးလင်းမြို့နယ် ရေမျက်နီရွာနားမှာ မနေ့က (ဇွန်၂ရက်)  မနက် ၉နာရီကျော်လောက်က ကျောမြို့ ကပစ ဘက်ကနေ ထွက်လာတဲ့ တင့်ကားတွေအပါဝင် စစ်(...)ကား ၇၀ လောက်ကို ကျနော်တို့ တပ်ဖွဲ့က မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့တယ်”က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ယာဉ်တန်း ရပ်တန့်သွားပြီး ကား ၄ စီးကို တွဲကား တစ်စီးနဲ့ဆွဲသွားတာမြင်ရတယ်လို့ဆိုပါတယ်။ 

“တိုက်ပွဲအတွင်းမှာ အထိနာခဲ့စစ်(...)တွေဟာ ရေပုတ်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၁၁ လုံး ၊ စပါးကျီတွေ၊ လမ်းဘေးကတဲတွေနဲ့ စင်ဇယ်ကျေးရွာက နေအိမ် ၄ လုံးနဲ့ လမ်းဘေးမှာတွေ့တဲ့ ကျွဲတကောင်ကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်။ အဲဒီကျေးရွာ ၂ ရွာက ဒေသခံ ပြည်သူ ၁၀၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာတောထဲတွေနဲ့ ဆွေမျိုးတွေရှိတဲ့ ကျေးရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်”လို့ ထီးလင်း-PDF တပ်ရင်း(၂)ရဲ့ ဒုတပ်ရင်းမှူး ဆရာပေါက်က  ပြောပါတယ်။

ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကို မေလ= ၂၀ ရက်  ညနေပိုင်းမှာ ယောဒေသကာကွယ်ရေး တပ်ပေါင်းစု YRPA က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်ရှိခဲ့ ပါတယ်။

အနောက်မြောက်စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိကာလအထိ ဘာသာရေးအဆောက်အအုံတွေ၊ အရပ်သားပိုင်နေအိမ်တွေအပါအဝင် အနည်းဆုံး အိမ်ခြေ ၈,၈၉၀ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013