DVB Logo
Home
မြန်မာသတင်း
ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်
DVB
·
March 21, 2014
ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်
Donate to DVB

လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေးမယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

Money Changer.mp4.Still001ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လာရောက် ရှင်းလင်းတင်ပြရင်း လစာတိုးပေးမယ့်အကြောင်း ထည့်သွင်းပြောကြားခဲ့တာလို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ GDP တိုးတက်မှု အခြေအနေ၊ စီးပွားရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာ၊ ငွေဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ ရရှိမှု သုံးစွဲမှု အခြေအနေ ပေါ်ပေါက်လာနိုင်သည့် အကျိုးသက်ရောက်မှုကို ချင့်ချိန်ပြီး နိုင်ငံတော်ရဲ့ တာဝန်များကို ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ခေတ်ကာလ အခြေအနေနှင့် လျော်ညီစွာ တိုးမြှင့်ရည်ရွယ်ထားရှိသည့်အတိုင်း ယခု ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၄ ခု ဧပြီလ ၁ ရက်နေ့မှ စပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှုန်းထားများကို ကျပ် ၂ သောင်းစီ တိုးမြှင့်ပေးရန်နဲ့ ပင်စာလစာနဲ့ ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်းရာထားကြောင်း တင်ပြအပ်ပါသည်ဟု အဲဒီအဖြေလွှာမှာ ဖော်ပြထားပါတယ်။”

လစာတိုးပေးမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတိုင်း အခြေခံစားကုန်ဈေးနှုန်းကအစ ဈေးတက်လာလေ့ရှိတာမို့ အစိုးရအနေနဲ့ ဒီကိစ္စ ဘယ်လို ဖြေရှင်းပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဘောဂဗေဒပညာရှင် ဦးလှမောင်ကို မေးမြန်းရာမှာ ၀န်ထမ်း လစာတိုးပေးတာမျိုးထက် တခြား နည်းလမ်း ရှာဖွေ လုပ်ဆောင်သင့်တယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

“၀န်ထမ်းတွေ စားဝတ်နေရေးဖူလုံအောင်၊ လောက်အောင် ၀င်ငွေနဲ့ ထွက်ငွေ မျှအောင် အခြားနည်းလမ်းတွေ ရှာပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို နည်းလမ်းတွေ မရှာပဲနဲ့ ထစ်ခနဲဆို လစာတိုးပေး၊ တိုးပေးတဲ့ လစာက ဟိုငွေထဲကနေ ဖြည့်ထည့်၊ ဒီငွေထဲကနေ ဖြည့်ထည့် အခုလည်း လျှပ်စစ်ဓာတ်အားခတွေ တိုးလိုက်ပြီလေ။ အဲဒီလို လုပ်နေရင်တော့ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင် လောင်စာဆီ စက်သုံးဆီတွေကို သွားပြီး တိုးမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာက တော်တော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားနိုင်တယ်။”
၂၀၁၃ ခုနှစ်တုန်းကလို အလားတူ ၀န်ထမ်းလစာ ကျပ် ၂ သောင်း တိုးပေးခဲ့ပြီး အခြေခံစားကုန်ဈေးနှုန်းတွေ ၁၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013