Home
မြန်မာသတင်း
မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းများ ပြန်ဖွင့်
DVB
·
June 2, 2022

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက်  မြန်မာနိုင်ငံတဝန်းရှိ  အခြေခံပညာစာသင်ကျောင်းတွေမှာ ဇွန် ၂ ရက်မနက်က စတင်ဖွင့်လှစ် သင်ကြားနေပါတယ်။

စစ်ကောင်စီက ဖွင့်လှစ်တဲ့အခြေခံပညာကျောင်းတွေကို ကျောင်းလာတက်တဲ့ကျောင်းသား ကျောင်းသူတွေကို  မိဘတွေက လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

အခုနှစ်ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်မှ  ဇွန်လ ၂  ရက်နေ့အထိ ပြုလုပ်ခဲ့ရာ ကျောင်းအပ်သူဦးရေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၅ ဒသမ ၂ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ပါတယ်။

အဲဒီအထဲ ဧရာဝတီတိုင်းက ၉ သိန်းကျော်နဲ့ အများဆုံးကျောင်းအပ်နှံထားပြီး ရန်ကုန်တိုင်းကတော့ ၇ သိန်းနီးပါး ကျောင်းအပ်ထားကာ ချင်းပြည်နယ်ကတော့ ၂၂၀၀၀ ကျော်နဲ့ အနည်းဆုံး ဖြစ်ပါတယ်။

စစ်ကောင်စီက ထိုးစစ်ဆင်ပြီး မီးရှို့ခံနေရတဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဟာ အရင်နှစ်တွေကထက် ကျောင်းအပ်နှံမှု လျော့ကျခဲ့ပြီး တချို့နေရာတွေမှာ ကျောင်းအပ်သူ လုံးဝမရှိသလောက်ပါပဲ။

ကျောင်းသားသမဂ္ဂတွေကတော့ စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ကျောင်းမတက်ကြဖို့နဲ့ စစ်ကျွန်ပညာရေး ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ကြဖို့ တိုက်တွန်းဆော်ဩနေကြပါတယ်။ 

စစ်တပ်အာဏာမသိမ်းခင် ပုံမှန်စာသင်နှစ်တွေမှာ နိုင်ငံတဝန်း ကျောင်းသား ကျောင်းသူ ၁၀ သန်း လောက် ကျောင်းတက်ရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ထက်ဝက်လောက်ကို ကျောင်းပြန်တက်နေကြတာလည်း ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကြားကာလ ပညာရေးအစီအစဉ်အဖြစ် ကျောင်းတွေ ဖွင့်လှစ် သင်ကြားပေးနေပြီး စစ်ကောင်စီလုပ်ဆောင်နေတဲ့ ပညာရေးလုပ်ဆောင်မှုတွေကို အသိအမှတ်မပြုဘူးလို့ ကြေညာထားပါတယ်။

Photo-Credit- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024