DVB Logo
Home
မြန်မာသတင်း
အိမ်ဖော်ကို ရက်စက်စွာနှိပ်စက်သည့် အိမ်ရှင် ဖမ်းဆီးစစ်ဆေးခံရ
DVB
·
March 21, 2014
အိမ်ဖော်ကို ရက်စက်စွာနှိပ်စက်သည့် အိမ်ရှင် ဖမ်းဆီးစစ်ဆေးခံရ
Donate to DVB

အိမ်ဖော်အမျိုးသမီးကို ရက်စက်စွာနှိပ်စက်တဲ့အိမ်ရှင်ကို ရဲစခန်းက ဖမ်းဆီးစစ်ဆေး နေပါတယ်။

အိမ်ဖော်အမျိုးသမီး မသီတာဝင်းကို ရေနွေးပူလောင်းတာအပြင် မီးပူနဲ့ထိုးပြီး ရိုက်နှက် နှိပ်စက်တဲ့ အိမ်ရှင်ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါးကို ရန်ကုန်တိုင်း ကမာရွက်မြို့နယ်ရဲစခန်းက မတ်လ ၂၀ ရက် ညနေပိုင်းမှာ သွားရောက်ဖမ်းဆီးစစ်ဆေးနေပြီလို့ ကမာရွတ်ရဲစခန်းက အမှုစစ် အရာရှိ ဒုရဲအုပ် ဟန်ထွန်းအောင်က ပြောပါတယ်။

housekeeper abuse“မနေ့ညနေပိုင်းက ဖမ်းပါတယ်။ သူ့ကိုတော့ ကျနော်တို့ စစ်ဆေးတုန်းပါပဲ။ ဒါက ရမန်ပေးလို့မရတဲ့အတွက် ရဲစခန်းမှာ ချုပ်နောင်ပြီး စစ်ဆေးတုန်းပေါ့။”

ဒေါ်စီစိလျကို အိမ်ဖော် မသီတာဝင်းကနေပြီး ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်တဲ့အတွက် စတင်အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။ သူ့ကို အပြင်းအထန် နာကျင်စေမှု၊ တားဆီး ပိတ်ပင်မှုနဲ့ ဆဲဆိုမှုတို့နဲ့ စွဲဆိုပြီး စစ်ဆေးနေတာဖြစ်ပါတယ်။

ရန်ကုန် ဘုရင့်နောင်တာဝါ ၂ ရှိ လေးလွှာမှာနေတဲ့ ဒေါ်စီစိလျဟာ အိမ်ဖော်မ သီတာဝင်းကို ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့က မိမိညှပ်တဲ့ ဆံပင်ညှပ်ဆိုင်မှာ မညှပ်ဘဲ တခြား ဆံပင်ညှပ်ဆိုင်ကို သွားညှပ်တဲ့အတွက် ညှဉ်းပန်းနှိပ် စက်သလို ရေနွေးပူတွေနဲ့ လောင်းခဲ့တာလို့ ကာယကံရှင် မသီတာဝင်းက ပြောပါတယ်။

တရက်တည်းမှာပဲ အဲဒီညနေက အိမ်ရှင်က ပါတီပွဲသွားဖို့ဆိုပြီး မီးပူတိုက်ခိုင်းရာ မီးပူတိုက်တာ မပြန့်ဘူးဆိုပြီး မီးပူနဲ့ ထိုးခဲ့တယ်လို့လည်း ပြောပါတယ်။

နှိပ်စက်ပြီးနောက် အခန်းတွင်း သော့ပိတ်လှောင်ပိတ်ထားသလို အရောင်ပျောက်ဆေး ပေးပြီး မိမိဘာသာကုသခိုင်းပြီး မကုရင် မသင့်တော်တဲ့ နေရာတခုကို ပို့မယ်လို့ ခြိမ်းခြောက်ကြောင်း ပြောပါတယ်။

အနာသက်သာပြီးနောက် မတ်လ ၁၈ ရက်နေ့မှာတော့ အ၀တ်လျှော်ဖို့ ဆပ်ပြာသွား ၀ယ်ခိုင်းတဲ့အတွက် သမိုင်းမှာနေတဲ့ အစ်မ ၀မ်းကွဲတဦးဆီ ထွက်ပြေးခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013