DVB Logo
Home
Lead Story
သီလ၀ါ မှာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြု ကုမ္ပဏီ ၁၇ ခု ရှိ
DVB
·
March 21, 2014
သီလ၀ါ မှာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြု ကုမ္ပဏီ ၁၇ ခု ရှိ
Donate to DVB

သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြေငှားရမ်းပြီး ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုတဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၇ ခု ရှိနေပြီလို့ မြန်မာ-ဂျပန် သီလ၀ါ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ မစ္စတာ ယာနီအီတာကာရှီ က ပြောပါတယ်။

[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]

မတ်လ ၁၈ ရက်နေ့က လုပ်တဲ့ သီလ၀ါ အထူးစီးပွားရေး ဇုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာပါ။ အများစု ဂျပန်နဲ့ ဟောင်ကောင်က ဖြစ်တဲ့ အဲဒီ ကုမ္ပဏီတွေဟာ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ အီလက်ထရောနစ်နဲ့ အစားအစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြမယ်လို့ ဆိုပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုံ တည်ဆောက်ရေး လုပ်ငန်းတွေကို လာမယ့် မေလ မှာ စတင်မှာဖြစ်ပြီး ၂၀၁၅ နှစ်လည်ပိုင်းမှာ လုပ်ငန်းတွေ စတင်နိုင်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း မစ္စတာ ယာနီအီ တာကာရှီ က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013