DVB Logo
Home
မြန်မာသတင်း
ပညာရေးဥပဒေ မူကြမ်း အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိဟု အန်အန်အီးအာရ် ပြော
DVB
·
March 21, 2014
ပညာရေးဥပဒေ မူကြမ်း အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိဟု အန်အန်အီးအာရ် ပြော
Donate to DVB

အစိုးရ ပညာရေးမြှင့်တင်မူအကောင်အထည်ဖော်ဆောင်ရေး (အီးပီအိုင်စီ)မှာ ရေးသားပြီး မတ် ၁၃ ရက်နေ့တွင် လွှတ်တော်ကို တင်သွင်းခဲ့သည့် ပညာရေးဥပဒေ မူကြမ်းမှာ ပညာရေးကဏ္ဍကို အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်တွင် ထားရှိလိုခြင်း ဖြစ်သည်ကို သိသာ ထင်ရှားစွာ တွေ့ရှိရကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာရ်) ဦးဆောင်ကော်မတီဝင် ဒေါက်တာသိန်းလွင်က ဒီဗွီဘီကို အီးမေးလ်မှ တဆင့် ပြောကြားပါတယ်။

studentပညာရေးဥပဒေမူကြမ်းတွင် အန်အန်အီးအာရ်က အကြံပြုခဲ့သည့် အချက်အချို့ကို ထည့်သွင်းထားသော်လည်း ကျောင်းသားနဲ့ ဆရာများရဲ့ လွတ်လပ်ခွင့်၊ တိုင်းရင်းသားများရဲ ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်များကိုပါ ဆက်လက်ချုပ်ကိုင်ထားကြောင်း ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

ပညာရေးဥပဒေမူကြမ်း အခန်း ၅၊ ပုဒ်မ ၂၁ တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ဘာသာရေး အဖွဲ့အစည်း ကျောင်းများတွင် အခြေခံပညာဆိုင်ရာ သင်ရိုးညွှန်တမ်း၊ မာတိကာနဲ့ ကျောင်းသုံးစာအုပ်များ အသုံးပြုရမည်ဟု ပါရှိခြင်းသည် သင်ရိုးညွှန်းတမ်းကို ဗဟိုချုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ အခန်း ၅၊ ပုဒ်မ ၂၅ တွင် မြန်မာစကားကို အခြေခံပညာအဆင့်တွင် သင်ယူမှု ဘာသာစကား ဖြစ်ရမည်ဟု ပါရှိသည့်အတွက် ပညာရေးတွင် မြန်မာဘာသာစကား လွှမ်းမိုးမူကို ဆက်လက် ကျင့်သုံးခြင်း ဖြစ်ကြောင်း၊ အခန်း ၅၊ ပုဒ်မ ၃၀ မှာ အခြေခံပညာကဏ္ဍရဲ့ ဆရာ လိုအပ်ချက်ကို ပညာရေးတက္ကသိုလ်၊ ကောလိပ်သတ်မှတ်ချက်နဲ့အညီ ဖွဲ့စည်းနိုင်သည်ဟု ပါရှိသည့်အတွက် အုပ်ချုပ်သူတို့ရဲ့ လက်အောက်တွင် ရှိကြောင်း ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံဆိုင်ရာကွန်ရက် (အန်အန်အီးအာရ်)က လွှတ်တော်တွင် တင်သွင်းထားတဲ့ ပညာရေး ဥပဒေမူကြမ်းကို ဝေဖန်ချက်ထုတ်ထားပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဦးရဲဝင်းက “အခြေခံပညာရေးမူမှာ မသန်စွမ်းစကားလုံးတွေ ဖြုတ်ထားတယ်။ အခန်း ၅ မှာ မသန်စွမ်းသူများနဲ့ ဥာဏ်ရည်နိမ့်သူတွေကို ပညာရေးကဏ္ဍက အထူးပညာရေးအစီအစဉ်နဲ့ ကူညီပံပိုးမယ်လို့ပဲ ပါတယ်။ အထူးပညာရေးအစီအစဉ်ရော လူတိုင်း အကျုံးဝင်ပညာရေး အစီအစဉ်ရော မသန်စွမ်းတွေကို ထည့်ဖို့ လိုတယ်။ ဒါမှသာ လူအဖွဲ့အစည်းထဲ ရောက်မယ်။ သီးခြား ခွဲခြားထားသလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

ပညာရေးမူကြမ်းဥပဒေတွင် ပြည်သူ့လွှတ်တော်က ရေးဆွဲထားသည့် ဥပဒေနဲ့ အစိုးရ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး(အီးပီအိုင်စီ)မှ ရေးဆွဲထားသည့် ဥပဒေ ၂ ခု ရှိပြီး ရေးဆွဲထားသည့်မူများမှာ တူညီနေကာ ဗဟိုချုပ်ပိုင်မူစနစ်ကို ဆက်လက်ကျင့် သုံးနေကြောင်း ဦးရဲဝင်း က ဆက်ပြောပါတယ်။

အန်အန်အီးအာရ်အဖွဲ့ဝင် ဦးဆလိုင်း ဒေဗီလျန်ဝင်းက “အခြေခံပညာအဆင့်မှာ မိခင်ဘာသာစကား အသုံးပြုပြီးသင်ကြားဖို့ လိုလားပါ ရှိတယ်။ လောလောဆယ်မူကြမ်းက တိုင်းရင်းသားတွေအတွက်တော့ သိပ်ပြီး အဆင်မပြေဘူး။ သင်ရိုးညွှန်းတမ်းမှာ သက်ဆိုင်ရာ တိုင်းရင်သားတွေ ပြုစုလိုလားတဲ့ သင်ရိုးညွှန်းတမ်းဆို အဆင်ပြေပါတယ်”လို့ ဆိုပါတယ်။

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး(အီးပီအိုင်စီ)က ရေးဆွဲထားသော အမျိုးသား ပညာရေးဥပဒေကြမ်းကို မတ် ၂၀ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းကော်မတီက ဖတ်ကြားရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013