
၂၀၂၆ ခုနှစ် စက်တင်ဘာလပိုင်းအတွင်း စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် အရပ်သား ပြည်သူ ၃၀၃ ယောက် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ၀န်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ ၃၀၃ ယောက်၊ ကလေးသူငယ် သေဆုံးသူ ၂၉ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၂၉ ယောက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နေအိမ် ၄၃၄ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၃ လုံး၊ ပညာရေးအဆောက်အအုံ ၁၁ လုံး ဖျက်ဆီးခံရပြီး စစ်အာဏာရှင်လက်အောက်ခံတပ်တွေရဲ့ အကြမ်းဖက်မှု ဖြစ်စဉ် ၇၄၈ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြန်မာပြည်တ၀န်း ကြည်း၊ ရေနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး ဘေးလွတ်ရာကို စစ်ဘေးရှောင် ထွက်ပြေးနေ ရတာပါ။
စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေ အများကြီး တိုးလာ သလို လူသားချင်းစာနာမှုအကူအညီဖြစ်တဲ့ အစားအသောက်၊ ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် လိုအပ်ချက်တွေ ရှိနေတာလို့ မြေပြင်လက်တွေ့ ကူညီနေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြောထားပါတယ်။
Source:NUG











