DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းစာအုပ် ဖြန့်ချိမှုဖြင့် လွင်ဦးစာပေတိုက် ထုတ်ဝေခွင့် ရုပ်သိမ်းခံရ
DVB
·
May 31, 2022
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းစာအုပ် ဖြန့်ချိမှုဖြင့် လွင်ဦးစာပေတိုက် ထုတ်ဝေခွင့် ရုပ်သိမ်းခံရ
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအကြောင်းရေးသားထားတဲ့ စာအုပ်ကို အွန်လိုင်းကနေ ဖြန့်ချိ ရောင်းချတယ်ဆိုပြီး လွင်ဦးစာပေတိုက်ကို  စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပါတယ်။

ဦးလွင်ဦး(လွင်ဦးစာပေ)ဟာ မေ ၂၇ ရက်က Lwin Oo Book Store အင်တာနက်စာမျက်နှာမှာ Ronan Lee ရဲ့ MYANMAR’S ROHINGYA GENOCIDE စာအုပ်ကို တင်သွင်း၊ ထုတ်ဝေ၊ ဖြန့်ချိရောင်းချခဲ့​တာကို တွေ့ရှိရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) ပါ စည်းကမ်းချက်ကို မလိုက်နာဘဲ ပုဒ်မ ၁၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့် ထုတ်ဝေခြင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို အခု မေ ၂၈ ရက်ကစလို့ ရုပ်သိမ်းလိုက်ပြီး စာပေတိုက် အနေနဲ့ မီဒီယာအမျိုးအစားတခုခုကို သုံးပြီးတော့ဖြစ်ဖြစ်၊ နည်းပညာတရပ်ရပ်ကို သုံးပြီးတော့ ဖြစ်ဖြစ် ရေးသားထုတ်ဝေတာတွေ မလုပ်ဖို့လည်း ကြေညာထားပါတယ်။

"Myanmar's Rohingya Genocide: Identity, History and Hate Speech" ဆိုတဲ့ စာအုပ်ကို လွှတ်တော်အမတ်နဲ့နိုင်ငံရေးသမားဟောင်းတယောက်ဖြစ်တဲ့ Ronan Lee က ရေးသားထားတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က မြန်မာ၊ အင်္ဂလိပ်၊ အာရဗီပြက္ခဒိန်မှာ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား ဖြစ်တယ်ဆို တဲ့ အထောက်အထားတွေဖော်ပြခဲ့တာကြောင့် ပြက္ခဒိန်အပ်နှံသူနဲ့ ရန်ကုန်က ပုံနှိပ်တိုက်ကို တရား စွဲဆိုခဲ့ပြီး ပုံနှိပ်တိုက်မန်နေဂျာနဲ့ အလုပ်သမားတွေကို ငွေဒဏ် ၁၀ သိန်းစီတရားရုံးက အမိန့်ချခဲ့ သလို ၂၀၁၆ ခုနှစ်မှာလည်း ထောင်ဒဏ် ၁ နှစ်စီချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013