DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့်အစီအစဉ်ကို NUG နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ကန့်ကွက်
DVB
·
May 31, 2022
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့်အစီအစဉ်ကို NUG နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ကန့်ကွက်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း အစည်းအဝေးမှာ စစ်ကောင်စီကနေတဆင့် အကူအညီတွေကို ပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်တဲ့အပေါ် လက်မခံနိုင်ကြောင်း NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပူးတွဲကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီးမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)၊ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)နဲ့ ချင်းအမျိုးသားတပ်ဦး  (CNF) တို့က ပူးတွဲထုတ်ပြန်လိုက်တာပါ။

အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်တာနဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးညှိနှိုင်းရေးရုံးတို့ဟာ  NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန်ခွဲရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ ပြည်နယ်အတိုင်ပင်ခံကောင်စီနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာမရှိဘဲ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် ကြိုတင်ပြင်မှုနဲ့ လေ့လာဆန်းစစ်မှုဆိုင်ရာ ပုံစံနဲ့ လုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ခဲ့ကြောင်း ပါရှိပါတယ်။

ဒီသဘောတူထားပြီးဖြစ်တဲ့ ကြိုတင်စီစဉ်ထားတဲ့ ‌လေ့လာဆန်းစစ်မှုလုပ်ငန်းစဉ်တွေရဲ့ လမ်းကြောင်းအတွက် လုံခြုံရေးပေးဖို့သာ မေတ္တာရပ်ခံခဲ့ပြီး သက်ဆိုင်သူတွေ ပါဝင်မှုမရှိတဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်လည်သုံးသပ်ရေးဆွဲဖို့ အန်ယူဂျီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဒီတောင်းဆိုမှုကို လက်ခံစဉ်စားဖို့ ဆန္ဒရှိပုံ မပြဘဲ စီစဉ်ထားတဲ့အတိုင်းသာ ဆက်ပြီးဆောင်ရွက်ဖို့ ပေါ်လွင်နေပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးတိုင်ပင်မှု  ဒါမှမဟုတ် လက်ရှိ ပဋိပက္ခမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းနဲ့မှ ဆွေနွေးတိုင်ပင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါကြောင့် ဒီအခြေအနေကို လုံးဝ လက်ခံနိုင်ဖွဲ့မရှိကြောင်းနဲ့ ဒီလိုချဉ်းကပ်မှု နည်းလမ်းဟာ စစ်ကောင်စီကို တရားဝင်မှုအပ်နှင်းတဲ့ အန္တရာယ်ကြီးမာတဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေကို ပိုပြီး ဘေးဒုက္ခရောက်စေမှာ ဖြစ်သလို လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေကို ချိုးဖောက်တာလည်း ဖြစ်ကြောင်း ထောက်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကူအညီအလိုအပ်ဆုံး ပြည်သူတွေကို ချန်လှပ်ဖို့ရည်ရွယ်ချက်နဲ့ အမည်ခံနိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး ရှေ့တန်း စစ်စခန်းတွေကိုသာ ရိက္ခာဖြည်တင်းဖို့ လုပ်လိမ့်မယ်လို့ ထောက်ပြထားပါတယ်။

စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရပ်ရွာဒေသတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ အလိုအပ်ဆုံးဖြစ်ပြီး သူတို့ပြုလုပ်မယ့် ဆန်းစစ်ချက်မှာ အဲဒီဒေသကို ချန်လှန်ထားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့  ဖော်ပြပါတယ်။

အကူအညီလိုအပ်နေသူတွေကို အသက်ဘေးကနေ ကယ်တင်နိုင်ဖို့ ပေးတဲ့အကူအညီကို ကြိုဆိုကြောင်းနဲ့ ဘေးဒုက္ခတွေကို သက်သာလျော့ပါစေရေး အရေးပေါ်အကူအညီ ပေးအပ်ဖို့ အများ ယုံကြည်လက်ခံတဲ့ ဒေသအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေကို ထောက်ပံမှု တိုးမြင့်ပေးအပ်တာသာ အကောင်းဆုံးဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေနဲ့ ကျင့်စဉ် စံတန်ဖိုးတွေနဲ့အညီ သက်ဆိုင်သူအားလုံးပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိုနှိုင်းဆွေးနွေးမှု ပြုလုပ်ဖို့၊ အရေးပေါ် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီလိုအပ်ချက်ကို ပံ့ပိုးပေးနိုင်ဖို့ နယ်စပ်ဖြတ်ကျော်  ပံ့ပိုးပေးနိုင်တဲ့ သဘောတူညီချက်မှတဆင့် လုပ်ဆောင်ဖို့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုရုံး (OCHA) နဲ့  ICRC တို့ကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အတိုင်ပင်ခံ အစည်းအဝေးမှ မြန်မာနိုင်ငံအတွက် ပေးအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဝေရေးကို စစ်အုပ်စုအား ထိန်းချုပ်ခွင့် ပေးလိုက်တဲ့ ဆုံးဖြတ်ချက်အပေါ်  မြန်မာနဲ့  နိုင်ငံတကာ အဖွဲ့အစည်း ၇၆၅ ဖွဲ့ကလည်း ထုတ်ပြန်ကန့်ကွက်ထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013