DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားများကို ဆင်းကတ် ချပေးပြီးတဲ့နောက် ဒလမြို့နယ်ထဲက ဖုန်းဆိုင်တွေ အ၀ယ်ရပ်ထား
DVB
·
March 21, 2014
အငြိမ်းစားများကို ဆင်းကတ် ချပေးပြီးတဲ့နောက် ဒလမြို့နယ်ထဲက ဖုန်းဆိုင်တွေ အ၀ယ်ရပ်ထား
Donate to DVB

သက်ပြည့် အငြိမ်းစားဝန်ထမ်းတွေကို ၁၅၀၀ တန် ဆင်းမ်ကတ်တွေ ချပေးပြီးတဲ့နောက် ပြန်ရောင်းတာ များနေတဲ့အတွက် ဖုန်းဆိုင်တချို့မှာ ဆင်းမ်းကတ် အ၀ယ်ရပ်လိုက်ရပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သက်ပြည့် အငြိမ်းစားဝန်ထမ်းတွေကို ၁၅၀၀ တန် ဆင်းမ်ကတ်တွေ ချပေးပြီးတဲ့နောက် ပြန်ရောင်းတဲ့သူတွေ များနေတဲ့အတွက် အ၀ယ် ရပ်ထားရတယ်လို့ ဒလမြို့နယ်က ဖုန်းဆိုင်တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖုန်းဆိုင်ပိုင်ရှင်တချို့က ဒီဗွီဘီကို ပြောပါတယ်။

CDMA sim cardအငြိမ်းစားဝန်ထမ်းတွေကို WCDMA ဆင်းမ်ကတ်တွေ ချပေးတာ ဖြစ်ပြီး ၀ယ်ဈေးက ၇ သောင်း ရှိတယ်လို့ ဖုန်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

အခုလို ဖုန်းကတ်တွေ ချပေးလို့ ဆက်သွယ်ရတာ အဆင်ပြေလာတဲ့အကြောင်း အငြိမ်းစားတယောက်ဖြစ်တဲ့ ဦးခင်ထွန်းက ပြောပါတယ်။

ဒလမြို့နယ်ထဲမှာ သက်ပြည့်အငြိမ်းစားဝန်ထမ်း ၅၀၀ လောက်ရှိပြီး အယောက် ၄၄၀ အတွက် ဆင်းမ်ကတ်တွေ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် နိုင်ငံခြားကုမ္ပဏီတွေ လုပ်ကိုင်ခွင့် ရပြီးတဲ့နောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးက အခုလို လုပ်ဆောင်ပေးလာတာလည်း ဖြစ်ပါတယ်။

သက်ပြည့်အငြိမ်းစားဝန်ထမ်းတွေကို ဖုန်းဆင်းမ်ကတ်တွေ ချပေးတာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိနိုင်ဖို့အတွက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဖုန်းဆက် မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013