DVB Logo
Home
မြန်မာသတင်း
အိမ်ဖော်တဦးကို အိမ်ရှင်က ရက်စက်စွာ နှိပ်စက်
DVB
·
March 21, 2014
အိမ်ဖော်တဦးကို အိမ်ရှင်က ရက်စက်စွာ နှိပ်စက်
Donate to DVB

အိမ်ဖော်အဖြစ်လုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးတဦးကို အိမ်ရှင်က ရေနွေးပူနဲ့လောင်း၊ မီးပူနဲ့ အထိုးခံရတာ အပါအ၀င် အပြင်းအထန် နှိပ်စက်ခံရမှုတခု ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန် ဘုရင့်နောင်တာဝါ ၂ က အခန်းတခုမှာ နေထိုင်တဲ့ ဒေါ်စီစိလျ (ခ) ဒေါ်ခါးခါး ဆိုသူက သူ့အိမ်ဖော် မသီတာဝင်းကို ရေနွေးပူလောင်း၊ မီးပူထိုးတာအပါအ၀င် အပြင်းအထန် နှိပ်စက်ခဲ့တာဖြစ်ပါတယ်။

housekeeper abuseမသီတာဝင်းဟာ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ကန်သေးကျေးရွာကနေ လွန်ခဲ့တဲ့ သုံးလလောက်က အဲဒီအိမ်မှာ အလုပ်ရရှိခဲ့တာဖြစ်ပါတယ်။ အစ်မ၀မ်းကွဲတော်စပ်သူက အဲဒီ အိမ် ရှင်နဲ့ အသိမိတ်ဆွေဖြစ်လို့ စိတ်ချရတဲ့အတွက် သူ့ကို ထည့်ပေးလိုက်တာလို့ ဆိုပါတယ်။

အလုပ်စ၀င်ချိန်ကတည်းက အိမ်ရှင်က သဘောမကျရင် ရိုက်နှက်တဲ့အပြင် ဆံပင်ကိုပါ ညှပ်လေ့ရှိတယ်လို့ မသီတာဝင်းက ပြောပါတယ်။

ပြီးခဲ့မတ်လ ၁၀ ရက်နေ့မှာတော့ ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်ကို စိုင်းဆိုတဲ့ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ခိုင်းခဲ့ကြောင်း၊ အဲဒီဆိုင်ပိတ်နေလို့ ဆိုင်တဆိုင်မှာ ၀င်ညှပ်တဲ့အခါ အိမ်ရှင်ကိုယ်တိုင် ပြန်လာခေါ်ပြီး အိမ်ရောက်တဲ့အခါ ညှဉ်းပန်းနှိပ် စက်သလို ရေနွေးပူတွေနဲ့ လောင်းခဲ့တာလို့ ကာယကံရှင် မသီတာဝင်းက ပြောပါတယ်။

တရက်တည်းမှာပဲ အဲဒီညနေက အိမ်ရှင်က ပါတီပွဲသွားဖို့ဆိုပြီး မီးပူတိုက်ခိုင်းရာ မီးပူတိုက်တာ မပြန့်ဘူး ဆိုပြီး မီးပူနဲ့ ထိုးခဲ့တယ်လို့လည်း ပြောပါတယ်။

နှိပ်စက်ပြီးနောက် အခန်းတွင်း သော့ပိတ်လှောင်ပိတ်ထားသလို အရောင်ပျောက်ဆေး ပေးပြီး မိမိ ဖာသာကုသခိုင်းပြီး အခန်းထဲမှာ သောပိတ်ပြီးလှောင်ထားခဲ့သလို ရောင်ပျောက် ဆေး နဲ့ ထွန်းရွှေဝါကိုပေးပြီး အနာကို ကိုယ်တိုင်ပျောက်အောင်ကုဖို့နဲ့ မကုရင် မသင့်တော်တဲ့ နေရာတခုကို ပို့မယ်လို့ ခြိမ်းခြောက်တယ်လို့လည်း ပြောပါတယ်။

အနာသက်သာပြီးနောက် မတ်လ ၁၈ ရက်နေ့မှာတော့ အ၀တ်လျှော်ဖို့ ဆပ်ပြာသွား ၀ယ်ခိုင်းတဲ့အတွက် သမိုင်းမှာနေတဲ့ အစ်မ ၀မ်းကွဲတဦးဆီ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ မသီတာဝင်းကို နှိပ်စက်တယ်ဆိုတဲ့ အိမ်ရှင်အမျိုးသမီးကို ဒီဗွီဘီက မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် မရပါဘူး။

ဒီနှိပ်စက်ခံရမှုနဲ့ပတ်သက်ပြီး ကမာရွတ်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ရာမှာ ကမာရွက် ရဲစခန်းကနေပြီး အမှု ၃ ခုနဲ့ အမှုဖွင့်ပေးထားကြောင်းနဲ့ တရားလိုဘက်ကို စစ်ဆေးနေဆဲဖြစ်ပြီး ကျူးလွန်သူကို ဖမ်းဆီးအရေးယူသွားမယ်လို့ ကမာရွတ်ရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ် ဟန်ထွန်းအောင်က ပြောပါတယ်။

အလုပ်စ၀င်တုန်းက ကော်ဖီဆိုင်မှာ အကူလုပ်ဖို့နဲ့ လစာ လေးသောင်းပေးမယ်လို့ ပြောပေမယ့် လက်တွေ့မှာတော့ ဆိုင်အပြင် သူအိမ်အလုပ်ကို အကုန်လုပ်ရတဲ့အပြင် သုံးလ လုံးမှာ လစာတပြားမှ မပေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အိမ်ကနေပါလာတဲ့ ပိုက်ဆံ ၇ ထောင် ကိုလည်း အိမ်ရှင်က သိမ်းထားခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိထွက်ပြေးလာချိန်ဟာ အ၀တ်တ ထည်ကိုယ်တခုနဲ့ ထွက်ပြေးတဲ့အတွက် ကျန်တဲ့အ၀တ်အစားနဲ့ မှတ်ပုံတင်ကော အဲဒီအိမ်ရှင်မှာပဲ ကျန်ခဲ့တယ်လို့ ပြောပါတယ်။

မသီတာဝင်းအမှုနဲ့ပတ်သက်ပြီး ရဲစခန်းက အရေးယူဆောင်ရွက်မှုတွေ လုပ်သလို ရန်ကုန် ရှေ့နေများကွန်ရက်အဖွဲ့ကနေပြီး ရှေ့အနေအဖြစ် လိုက်ပါကူညီပေးမှာဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013