DVB Logo
Home
မြန်မာသတင်း
အမျိုးစောင့်ဥပဒေကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ ကန့်ကွက်
DVB
·
March 20, 2014
အမျိုးစောင့်ဥပဒေကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ ကန့်ကွက်
Donate to DVB

အမျိုးစောင့်ဥပဒေကို လွှတ်တော်တင်ပြီး ဥပဒေပြဋ္ဌာန်းဖို့ လုပ်ဆောင်တာဟာ အမျိုးသမီးတွေအပေါ်မှာ မတရားတဲ့ဥပဒေဖြစ်တဲ့အတွက် စိုးရိမ်စရာကောင်းတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူ မခင်ဥမ္မာက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက ရဟန်းရှင်သူ၊ ပြည်သူတို့ရဲ့ တောင်းဆိုတဲ့အပေါ်မှာ သမ္မတက အမျိုး စောင့်ဥပဒေ မှုကြမ်းရေးဆွဲရေး ကော်မတီကို မတ်လ ၇ ရက်က ဖွဲ့စည်းပေးလိုက်ချိန်မှာ ကန့်ကွက်မယ်လို့ အမျိုးသမီး ကွန်ရက်အဖွဲ့တွေ့က တုံ့ပြန်ပြောဆိုလိုက်တာပါ။

[caption id="attachment_53595" align="alignright" width="300"]အမျိုးသမီးအရေးလှုပ်ရှားသူ မခင်ဥမ္မာ အမျိုးသမီးအရေးလှုပ်ရှားသူ မခင်ဥမ္မာ[/caption]အမျိုးစောင့်ဥပဒေကို မိတ္ထီလာနဲ့ ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ့အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပြီး အမျိုးသမီးကြောင့် ပြဿနာဖြစ်ပွားရခြင်းမဟုတ်ဘဲ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းကြောင့် ဖြစ်တယ်လို့သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း အမျိုးစောင့်ဥပဒေကြမ်းရေး ဆွဲဖို့အတွက် တကယ်ခံစားရတဲ့ အမျိုးသမီးတွေပါဝင်သင့်သလို ရှိပြီးသားဥပဒေကိုသာ ပြန်ဆင်စေချင်တယ်လို့ ပြောပါတယ်။

အမျိုးစောင့်ဥပဒေမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တ မယားစနစ် ကျင့်သုံးရေးဥပဒေကြမ်း၊ ဘာသာရေးကူးပြောင်းခွင့်နဲ့ လူဦးရေတိုးပွားရေး ဥပဒေကြမ်းတို့ကို ရေးဆွဲပြီး ဇွန် ၃၀ ရက်မှာ သမ္မတကို တင်သွင်းရမယ်လို့ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013