DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအတွက် ရေဒီယိုအစီအစဉ် FM လိုင်းများတွင် တိုးချဲ့ထုတ်လွှင့်မည်
DVB
·
March 20, 2014
မသန်စွမ်းသူများအတွက် ရေဒီယိုအစီအစဉ် FM လိုင်းများတွင် တိုးချဲ့ထုတ်လွှင့်မည်
Donate to DVB

မြန်မာနိုင်ငံက မသန်စွမ်းသူတွေအတွက် ရေဒီယိုအစီအစဉ်ကို FM လိုင်းများကနေ တိုးမြှင့်ထုတ်လွှင့်သွားမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ပြောကြားပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က တင်ဆက်ထားတဲ့ မသန်စွမ်းသူတွေအတွက် ရေဒီယိုအစီအစဉ်တွေကို ပြည်တွင်း အက်အမ်လိုင်းသစ်နှစ်ခု ဖြစ်တဲ့ ချယ်ရီအက်အမ်နဲ့ ရွှေအက်အမ်နှစ်ခုမှာ တိုးချဲ့ထုတ်လွှင့်ဖို့ ရှိနေတာပါ။

MILI Radioအင်တာနက်အသုံးပြုနိုင်ခြင်း မရှိတဲ့မသန်စွမ်းသူတွေကို ရည်ရွယ်ပြီးတော့ အက်အမ်လိုင်းတွေ ကနေ ထုတ်လွင့်ပေးခြင်းဖြစ်ပြီး ၀က်ဘ်ဆိုက်မှာလည်း တိုက်ရိုက်နားဆင်နိုင်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မီဒီယာတာဝန်ခံ ဒေါ်နွေးဇာခြည်စိုးက ပြောပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က တင်ဆက်ထားတဲ့ ရေဒီယိုအစီအစဉ်တွေကို လက်ရှိမှာတော့ မြန်မာအသံ၊ မန္တလေးအက်အမ်၊ ပဉ္စ၀တီအက်အမ်၊ အက်အမ်ပုဂံ၊ သဇင်အက်အမ်နဲ့ စီတီးအက်အမ်တွေမှာ တပတ်နှစ်ကြိမ်ထုတ်လွှင့်ပေးနေပါတယ်။

ချယ်ရီအက်အမ် မန်နေဂျာ ဦးသန်းထွေးဇော်ကတော့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ပေးပို့ထားတဲ့ အစီအစဉ်ကို ရရှိထားပေမယ့် ချယ်ရီအက်အမ်ကနေ တဆင့် အဓိက ပေးချင်တဲ့ အချက်အလက်ကိုသာ ပြန်လည်ထုတ်လွှင့်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ခန့်မှန်းချက်အရတော့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂ ဒဿမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး လူဦးရေ ၁၃ သိန်းခန့် ရှိနိုင်ပါတယ်။

မသန်စွမ်းမှုဆိုင်ရာ သုသေတန စာတန်းတွေအရ မြန်မာနိုင်ငံမှာ မသန်စွမ်းမှု အများဆုံး က ဥာဏ်ရည်ပိုင်းဆိုင်ရာ မသန်စွမ်းမှုဖြစ်ပြီး အခြားမသန်စွမ်းမူတွေကတော့ ကိုယ်အင်္ဂါမသန်စွမ်းမှု၊ အမြင်အာရုံမသန်စွမ်းမှု၊ အကြားအာရုံ မသန်စွမ်းမှုနဲ့ ကလေးများနဲ့ ပတ်သတ်တဲ့ မသန်စွမ်းမှု တွေဖြစ်ကြပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013