DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် အာဏာသိမ်းစစ်ခေါင်းဆောင်ထပ်မံတိုက်တွန်း
DVB
·
May 28, 2022
လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် အာဏာသိမ်းစစ်ခေါင်းဆောင်ထပ်မံတိုက်တွန်း
1 / 2
Donate to DVB

နိုင်ငံတကာမှာ မီးရထားတွေကို လျှပ်စစ်ဓာတ်အားအသုံးပြု ပြေးဆွဲနေကြတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။

မေလ ၂၇ ရက် မနက်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

“တနိုင်ငံလုံးလျှပ်စစ်စက်ခေါင်းတွေနဲ့ ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်းဆောင်ရွက်ရမှာ ဖြစ်လို့ မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေနဲ့ လျှပ်စစ်စက်ခေါင်းငယ်တွေကစလို့ သုတေသနပြုထုတ်လုပ်ပြီး အဲဒီကတဆင့် အဆင့်မြှင့်တင်တာနဲ့  လျှပ်စစ်စက်ခေါင်းကြီးတွေ ထုတ်လုပ်တဲ့လုပ်ငန်းကို  အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုတယ်”လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ရေးလိုအပ်တဲ့ လျှပ်စစ် ဓာတ်အားသုံးစက်ခေါင်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာက နည်းပညာတွေကိုလေ့လာပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြည်ပမှဝယ်ယူရမယ့် ပစ္စည်းတွေကိုပေါင်းစပ်ပြီး ပထမခြေလှမ်းအနေနဲ့ ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းတွေ တည်ဆောက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းတွေကတဆင့် လျှပ်စစ်ရထား(EMU)အထိ ပြေးဆွဲနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းပြောပါတယ်။

လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ဒီဇယ်လျှပ်စစ်သုံးရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေတာဖြစ်ပြီး တနိုင်ငံလုံးရှိ အဓိကကျတဲ့နေရာတွေကို လျှပ်စစ်ရထားအသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ   မြန်မာနိုင်ငံအနှံ့ သွားရောက်တဲ့ခရီးစဉ်တွေ တွေ့ဆုံပွဲတွေမှာလည်း လျှပ်စစ်ရထားတွေ၊ မြေအောက်ရထားတွေ ပြေးဆွဲဖို့ ကိစ္စ အခုလိုပဲ မကြာခဏ ပြောဆိုလေ့ရှိတာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတဝန်း ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအတွက် လျှပ်စစ်မီးတွေ လုံလောက်အောင်မပေးနိုင်ဘဲ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

Photo- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013