DVB Logo
Home
မြန်မာသတင်း
သံတွဲဒေသခံ အမျိုးသား ၁ ဦးကို အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
May 27, 2022
သံတွဲဒေသခံ အမျိုးသား ၁ ဦးကို အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချ
Donate to DVB

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ သံတွဲဒေသခံ အမျိုးသားတယောက်ကို သက်သေ အခိုင်အမာ မပြနိုင်ဘဲ စစ်ကောင်စီဩဇာခံ သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။

ဖမ်းဆီးခံရသူ ကိုသန်းထွဋ်ဦးနဲ့ ရင်းနှီးသူ တယောက်က “သူ့ရဲ့ဖုန်းကိုပဲ သက်သေအဖြစ်တင်တာ။ ဒါပေမဲ့ တခါမှ ဖုန်းကို တရားခွင်ထဲ မယူလာဘူး။ သူ့ဖုန်းထဲက တွေ့တယ်ဆိုတာတွေကိုပဲ screenshot လုပ်ပြီး စာရွက်နဲ့ထုတ်ထားတာတွေပဲတင်ပြတာ။ တရားလိုသက်သေဆိုတဲ့ ရဲတွေကလည်း နေပြည်တော်က မှုခင်းစုံစမ်းရေးဗဟိုအဖွဲ့က ဖုန်းကိုစစ်တဲ့အခါ ဘာတွေ တွေ့တယ်လို့ ပြောပါတယ် ဆိုတာမျိုးပဲ ဖြေနိုင်တယ်။ တကယ်တော့ ချောက်ချခံရသလိုမျိုးပဲ။ ဘာမှ မယ်မယ်ရရသက်သေမရှိဘဲ ထောင်ချတာ” လို့ ပြောပါတယ်။

ဒီအမှုကို သံတွဲမြို့မရဲစခန်းမှူးက တရားလိုလုပ်ပြီး သူကပဲ အမှုစစ်အဖြစ်တာဝန်ယူခဲ့တာလို့ သိရပါတယ်။

ကိုသန်းထွဋ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက သူနေထိုင်ရာ ပြည်မြို့ကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး အခု မေလ ၂၃ ရက်နေ့က အမိန့်ချခဲ့တာပါ။

“သူ့ဖုန်းထဲမှာရှိတယ်ဆိုတဲ့ messenger နဲ့  viber group မှာပြောကြတာတွေကို သက်သေအဖြစ် တင်တယ်။ အဲဒီမှာ တရားလိုသက်သေ ရဲတယောက် ထွက်ဆိုတာက messenger group မှာ ရှိနေတဲ့ ကိုသန်းထွဋ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နာမည်က လွဲနေတယ်။ သူ့ရဲ့ တခြားအကောင့်တခု နာမည် ဖြစ်နေတယ်။ ပြီးတော့ ကိုသန်းထွဋ်ဦးက ဆေးကျောင်းတက်ခဲ့တော့ သူ့ရဲ့ သူငယ်ချင်း ဆရာဝန်တွေနဲ့  Group ဖွဲ့ထားတာ။ အဲဒီဆရာဝန်တွေကလည်း CDM လုပ်ထားကြတော့ ဒါတွေကိုလည်း ဆွဲထည့်တယ်။ တော်လှန်ရေးအတွက် ကူညီဖို့ဆိုပြီး ဖေ့စ်ဘွတ်ခ် Page ခုမှာလည်း ကိုသန်းထွဋ်ဦးရဲ့ ဖုန်းနံပါတ် ပါတယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီ Page ကတော့မရှိတော့ဘူး” လို့ ရင်းနှီးသူ မိတ်ဆွေတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကလည်း သံတွဲဒေသခံ အမျိုးသား ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင် ၃ နှစ်စီချမှတ်ခဲ့ပြီး မတ်လ ၃၁ နေ့ကလည်း သံတွဲဒေသခံ အမျိုးသမီး ၃ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ 

မတ်လ အစပိုင်းမှာလည်း ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတယောက်ကို ထောင်ဒဏ် ၁၃ လ ချမှတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013