DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်များကို ထောက်ပံ့နိုင်ရေး ဒီးကူအက်ပ် အသုံးပြုကြရန် တောင်းဆို
DVB
·
May 27, 2022
ကရင်နီစစ်ဘေးရှောင်များကို ထောက်ပံ့နိုင်ရေး ဒီးကူအက်ပ် အသုံးပြုကြရန် တောင်းဆို
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ထောက်ပံ့နိုင်ဖို့အတွက် ဒီးကူ အပလီကေးရှင်းကို ကရင်နီစစ်ဘေးရှောင် စောင့်ရှောက်ရေးကွန်ရက်က ဦးဆောင်ထုတ်လုပ်ခဲ့ပြီး မေ ၂၀ ရက်နေ့က တရားဝင်ထွက်ရှိလာပါတယ်။

ဒီးကူ အပလီကေးရှင်းဟာ ကရင်နီပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို တစုတစည်းတည်း ဖတ်ရှုလို့ရမှာဖြစ်ပြီး တိုက်ပွဲတွေအတွင်းက မှတ်တမ်း ဗွီဒီယိုတွေလည်း ကြည့်လို့ရနိုင်မှာ ဖြစ်ပါတယ်။

ဒီထဲမှာပါတဲ့ အကြောင်းအရာတွေ အားလုံးဟာ သက်ဆိုင်ရာ အဖွဲ့အသီးသီးရဲ့ သတင်းထုတ်ပြန်ချက်၊ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကူးယူအသုံးပြုထားတာကြောင့် ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်လို့ ဒီးကူ အပလီကေးရှင်းကို ဖန်တီးထားသူက ပြောပါတယ်။

ဒီ အက်ပ်ကနေ သတင်းတွေဖတ်ရာက ကြော်ငြာတွေကနေ ဝင်ငွေရနိုင်ပါတယ်။ ဒီ‌ရတဲ့ဝင်ငွေတွေ အားလုံးက ကရင်နီစစ်ရှောင်တွေဆီ ရောက်သွားမှာမို့ သတင်းလည်းဖတ်ရင်း လှူလည်းလှူရင်း တချက်ခုတ် သုံးလေးချက်မက ပြတ်မှာပါ။ ဒါပေမဲ့ ကြော်ငြာတွေကို စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် မထည့်ထားပါဘူးလို့ ဆိုပါတယ်။

"လောလောဆယ်တော့ အန့်ဒရွိုက်ဖုန်းတွေအ‌တွက် ဂူးဂဲလ် ပလေးစတိုးကနေ ‌ဒေါင်းလုပ်ဆွဲလို့ ရနေပါပြီ။ ဖြစ်နိုင်ရင်တော့ ဂူးဂဲလ်မှာ Deeku App လို့ရှာပြီး ‌ဒေါင်းပေးရင် ပိုအဆင်ပြေပါတယ်။ နောက်ပိုင်းမှာ ဖျော်ဖြေရေးကဏ္ဍနဲ့ ကရင်နီအခြေစိုက် မီဒီယာတခုဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) ကိုလည်း ဒီးကူ အပလီကေးရှင်းကနေ သတင်းတွေထည့်ပေးဖို့ တောင်းဆိုထားတယ်" လို့ ဒီးကူ အပလီကေးရှင်းရဲ့ အဓိကတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ဒီးကူအက်ပ်ကို အချိန် ၂ လကြာ ကြိုးစားပြုလုပ်ခဲ့ရပြီး မေ ၂၀ ရက်ကနေ လက်ရှိအချိန်အထိ ဝင်ငွေအနည်းငယ်ပဲ ရရှိသေးသလို အသုံးပြုသူ ဦးရေဟာလည်း အနည်းငယ်သာ ရှိသေးတယ်လို့ သိရပါတယ်။

ငွေကြေးအခက်အခဲကြောင့် Apple IOS အတွက် မထုတ်လုပ်နိုင်သေးလို့ လှူဒါန်းချင်တဲ့ ပြည်သူတွေက ဒီးကူပေ့ချ်ရဲ့ မက်ဆင်ဂျာမှာ လာရောက်လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013