DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေပြို ၆ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
March 20, 2014
ဖားကန့်မြေပြို ၆ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နတ်မော်ကျေးရွာအုပ်စုမှာ မတ် ၁၈ ရက်နေ့က ရေမဆေး ကျောက်ရှာနေတဲ့ တနိုင်တပိုင်သမားတွေ မြေဇာပုံ ပြိုကျတဲ့အတွက် ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

Phar Kant Jadeဖြစ်ပွားပုံက နတ်မော်ကျေးရွာအနီးမှာ တည်ရှိတဲ့ မှော်တခုမှာ တနိုင်တပိုင်ကျောက် တူးသမားတွေ ကျောက်တူးနေစဉ် ကမ်းပါး ပြိုကျတဲ့အတွက် ထိခိုက်သေဆုံးသွားရတာလို့ ဖားကန့်မြို့ခံ ဦးဂျာနော်က ပြောပါတယ်။

“၆ ယောက်သေတာက ၃ ရက်လောက်ရှိပြီ။ ကျောက်ကြောခေါက်တဲ့အချိန်မှာ ကမ်းပါးပြိုကျတဲ့ သဘောပါ” လို့ ပြောပါတယ်။

ဖားကန့်ဒေသမှာ အခုလို မြေပြိုပြီး လူသေဆုံးတာဟာ မကြာခဏ ဖြစ်ပွားနေပြီး အဓိကအားဖြင့် လုပ်ငန်းခွင်အတွင်း သေချာသပ်ရပ်အောင် မလုပ်ကြတဲ့အတွက် ဖြစ်ရတာလို့ မြို့ခံ ဦးတာရှီလာဆိုင်းကလည်း ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်ကာလမှာ ကုမ္ပဏီတွေက တူးဆွတဲ့အချိန် ဒိုင်းနမိုက်တွေနဲ့ မြေကြီးကို ခွဲထားတဲ့ အက်ကြောင်းတွေမှာ လူတွေက ပြန်ပြီး ရှာဖွေတူးဆွတာကြောင့် တပိုင်တနိုင်လုပ်သူတွေ သေသေသပ်သပ် မပြုလုပ်တာကြောင့်လည်း ပါတယ်၊ ရာသီဥတု ကြောင့်လည်း ပါတယ်၊ ပြိုတယ်။ နောက်ပြီး လုပ်ငန်းခွင်ရဲ့ လုပ်ရတဲ့ အနေအထားကလည်း မလွတ်မလပ်တာလည်း ပါတာပေါ့နော်။ ဒီမှာ လုပ်ကိုင်စားသောက်တဲ့သူတွေက ကျင်းတကျင်းနဲ့ တကျင်းက သိပ်ပြီး မကွာဝေးတာ၊ တူးတဲ့သူတွေ သပ်ရပ်သေသပ်မှု မရှိတဲ့အချိန်ကြတော့ ပြိုကျပြီးတော့မှာ လူတွေ အသက်ဆုံးရှုံးနေကြတဲ့ အဖြစ်မျိုးတွေ ကျိုးကန်းတာမျိုးတွေ ဖြစ်ကြတဲ့ အဖြစ်အပျက်မျိုးက ဒီမှာကတော့ နေ့တဓူဝလိုပါပဲ။”

ဒါ့အပြင် လက်ရှိ ဥရုချောင်းရဲ့ အောက်ဘက်မှာရှိတဲ့ တောင်းကော့၊ ရှမ်းစု၊ ရှရော်ခနဲ့ မြောက်ဖြူအစရှိတဲ့ ဒေသတွေမှာလည်း ၁ ပတ်ကို ၁ ကြိမ်လောက် ဒီလို မြေပြိုပြီး ထိခိုက် သေဆုံးမှုတွေ ဖြစ်ပွားနေတယ်လို့ ဦးတာရှီလာဆိုင်းက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်မျက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ဝ လောက်ရှိပြီး ရေမဆေးကျောက် ရှာဖွေပြီး လုပ်ကိုင်စားသောက်နေသူတွေကို အာဏာပိုင်တွေက တားမြစ်မှုတွေ လုပ်ပါတယ်။

ဒါပေမယ့် တပိုင်တနိုင် ရေမဆေးကျောက်ရှာသူတွေကတော့ ဝမ်းရေးအတွက် ဆက်လက်ရှာဖွေ လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013