DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
May 26, 2022
ပလက်ဝမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေအနီးမှာ မေ ၂၆ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ စဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲဖြစ်နေတာက နှစ်နေရာလို့ သိရတယ်။ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေဘက်မှာ။ ဒီနေ့မနက် ၁၀ နာရီလောက်က စဖြစ်တာလို့ သိရတယ်။ ပလက်ဝမြို့ပေါ် တပ်ရင်းက စစ်ကားတွေနဲ့ တပ်ကူလိုက်သွားတယ်" လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာ ၂ ခုဖြစ်တဲ့ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေကို ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ တပ်ရင်းက စစ်ကူတွေ လိုက်သွားကြသလို လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပလက်ဝမြို့ခံက ပြောပါတယ်။

“လက်နက်ကြီးပစ်တာက မနက်ကတည်းက ပစ်တာ၊ အခုထိပစ်တုန်း။ အဲဒီလိုပစ်နေတော ဘယ်အချိန် ထွက်ပြေးကြရမလဲဆိုပြီး စိုးရိမ်နေကြတာပေါ့။”

လက်နက်ကြီးတွေနဲ့ မေ ၂၆ ရက် မနက် ၁၀ နာရီ ၁၂ မိနစ်လောက်က စပစ်ခတ်နေတာဖြစ်ပြီး အခုအချိန်ထိ လက်နက်ကြီးသံတွေ ထွက်ပေါ်နေတာကြောင့် ပလက်ဝဒေသခံတွေအကြား စိုးရိမ်ကြောက်လန့်မှုတွေ ရှိနေကြတာပါ။

အဲဒီ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာ အနီးအနားမှာ အေအေတပ်ဖွဲ့ရော စစ်ကောင်စီတပ်ပါ တပ်စွဲထားကြတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေဟာ ပလက်ဝမြို့ကနေ မိုင် ၃၀ လောက် ကွာဝေးပြီး အိမ်ခြေ ၄၀ ကျော်ခန့်ရှိတဲ့ ကျေးရွာငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် မေ ၁၅ ရက်ကလည်း ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးမှာ မြန်မာစစ်တပ်က ရိက္ခာတင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစီးကို အေအေဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013