
ကုန်သွယ်မှု အထူးကင်းလွတ်ခွင့် ရလာပြီးနောက် ဥရောပသမဂ္ဂနိုင်ငံတွေ (အီးယူ)နဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုဟာ ၄၁ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ အီးယူကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီး ကားလ်ဒီဂုခ်ျက ပြောပါတယ်။
[caption id="attachment_53537" align="alignright" width="300"]
အီးယူကုန်သွယ်ရေး ကော်မရှင်နာ မင်းကြီး ကားလ်ဒီဂုခ်ျ[/caption]မတ် ၁၉ ရက်နေ့က ရန်ကုန် မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းရုံးချုပ် (ယူအမ်အက်ဖ်စီစီအိုင်) မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ ကုန်သွယ်မှုဆိုင်ရာ လက်စွဲစာအုပ် မိတ်ဆက်အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာပါ။
အီးယူနဲ့ မြန်မာ ကုန်သွယ်မှုဟာ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး ရှိပြီး ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ သန်း ၅၇၀ နီးပါး အထိ တိုးတက်လာပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံဘက်ကနေ အီးယူနိုင်ငံတွေဘက်ကို ရေထွက်ကုန်နဲ့ အထည်ချုပ်ထွက်ကုန်တွေ တင်ပို့ ခဲ့တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။











