DVB Logo
Home
Lead Story
ပုဂ္ဂလိကပိုင်ပြုရေး ဥပဒေ လိုနေပြီဟု ဒေါက်တာဦးမြင့် ဝေဖန်
DVB
·
March 20, 2014
ပုဂ္ဂလိကပိုင်ပြုရေး ဥပဒေ လိုနေပြီဟု ဒေါက်တာဦးမြင့် ဝေဖန်
Donate to DVB

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးမှာ အစိုးရနဲ့ နီးစပ်တဲ့ လူတစုပဲ ရသွားခဲ့ရင် ပြည်သူတွေ နစ်နာတဲ့အတွက် Privatization Law ခေါ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဥပဒေ ၁ ခု လိုနေပြီလို့ သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်က ပြောပါတယ်။

[caption id="attachment_33138" align="alignright" width="300"]ဒေါက်တာဦးမြင့် ဒေါက်တာဦးမြင့်[/caption]မတ် ၁၉ ရက်နေ့က သမ္မတ အကြံပေးအဖွဲ့ရုံးခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါက်တာဦးမြင့်က ခုလို ပြောလိုက်တာ ဖြစ်ပြီး အဲဒီဥပဒေ မြန်မြန်ဆန်ဆန် ရေးဆွဲဖို့ သမ္မတဆီ တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လကလည်း ဒေါက်တာဦးမြင့်ဟာ အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ပိုင်ဆိုင်မှုအ၀၀ကို စာရင်းပြုစု ထုတ်ပြန်ထားသင့်တယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ရာမှာ တချို့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ ဆက်ပြီး လုပ်ကိုင်သင့်ကြောင်း၊ ပုဂ္ဂလိကပိုင် ပေးရင်လည်း ဘယ်လို လူမျိုးတွေကို ဘယ်ပုံစံနဲ့ ပေးမလဲ ဆိုတာ အသေအချာ အစီအစဉ် ရှိဖို့ လိုတယ်ဆိုပြီး သူက ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013