DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီရိက္ခာတင် သင်္ဘော ၃ စီးကို PDF အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
DVB
·
May 26, 2022
စစ်ကောင်စီရိက္ခာတင် သင်္ဘော ၃ စီးကို PDF အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း ကသာခရိုင် ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတွေတင်လာတဲ့သင်္ဘော ၃ စီးကို မေ ၂၅ ရက် မွန်းလွဲပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့လှ PDF အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ကသာမြို့ ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ ရိက္ခာတင်သင်္ဘော ၃ စီးကို ကသာမြို့နယ် အထက်ဘက်၊ ဝဲကြီးရွာနဲ့ သံပုရာကုန်းကျေးရွာကြားမှာ မြို့လှ PDF မှ ဗိုလ်သာလိကာ ဦးဆောင်တဲ့ တပ်ဖွဲ့က ရှော့တိုက်ဒုန်း- ၂ လုံး၊ H – 22 မိုင်တဲမမ-လက်လုပ်ရှေ့ထွက်မိုင်း ၇ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF အဖွဲ့ကဆိုပါတယ် ။ 

သင်္ဘော ၁ စီးမှာ လက်နက်ကျည်တွေ အများဆုံးထိမှန်ခဲ့ပြီး ရှေ့ဆက်မသွားနိုင်တာကြောင့် သင်္ဘော ၂ စီးနဲ့ ဘေးကနေတွဲပြီး မိုးတားလေးဆိပ်ကမ်းမှာ ဆိုက်ကပ်ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား‌ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မနက်ပိုင်း ၈ နာရီလောက်ကလည်း အဆိုပါ သင်္ဘော ၃ စီးရဲ့ ရှေ့ပြေးခြုံရေးယူဖို့ ရောက်လာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ကို ကသာမြို့နယ် မြေနုကျေးရွာအနီးမှာ မြို့လှ PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နာရီဝက်နီးပါး နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

နှစ်ဘက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013