DVB Logo
Home
မြန်မာသတင်း
ဥရောပဈေးကွက်ကို အထည်ချုပ်တင်ပို့မှု မတိုးတက်သေး
DVB
·
March 20, 2014
ဥရောပဈေးကွက်ကို အထည်ချုပ်တင်ပို့မှု မတိုးတက်သေး
Donate to DVB

ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်ဆီ မြန်မာ့အထည်ချုပ်တင်ပို့မှုက သိသာစွာ တိုးတက်ပြောင်းလဲမှုတော့ မရှိသေးတဲ့အကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနက ပြောပါတယ်။
မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ကာလတွေမှာ အထည်ချုပ်ပို့ကုန်စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံက အမေရိကားနဲ့ အီးယူဈေးကွက်တွေဆီ အဓိက တင်ပို့မှုရှိခဲ့တာပါ။

ဒါပေမယ့် ၂၀၀၃ ခုနှစ်ကစလို့ အမေရိကန်နဲ့ အီးယူရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုကြောင့် မြန်မာ့ အထည်ချုပ်ပို့ကုန်ဈေးကွက်ဟာ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေဆီ ပြောင်းလဲတင်ပို့ခဲ့တာ ဖြစ်ပြီး အထည်ချုပ်ပို့ကုန်စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံကို ဒီဈေးကွက် ၂ ခုက ရယူထားတာဖြစ်ပါတယ်။

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]ဒါကြောင့် အီးယူဈေးကွက်ဟာ အခုမှ အစပဲ ရှိသေးတဲ့အတွက် လက်ရှိ မြန်မာ့အထည်ချုပ်တင်ပို့မှု မတိုးတက်သေးဘူးလို့ စီးပွားကူးသန်းဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာ မောင်အောင်က ပြောပါတယ်။

အီးယူက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို ဖြေလျော့ပေးခဲ့တဲ့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပေးတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးဖြစ်တဲ့ GSP စနစ်ကို မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်လိုက်ပြီဖြစ်တာကြောင့် မြန်မာ့ကုန်စည်တွေအနေနဲ့ အခွန်သက်သာခွင့်ကို ရရှိနေပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးက မြန်မာ့ပို့ကုန်တွေကို အီးယူ ဈေးကွက်ဆီ ပိုမိုဝင်ရောက်စေဖို့ တွန်းအားတခုဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။

မြန်မာ့အထည်ချုပ်တင်ပို့မှုက အခုဘဏ္ဍာနှစ်ရဲ့ ၁၁ လတာ ကာလအထိ ရရှိထားတဲ့ ပို့ကုန်ရ၀င်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၃၀ သန်း ရရှိထားပြီး ကာလတူ ပြီးခဲ့တဲ့နှစ် တင်ပို့မှုနဲ့ယှဉ်ရင် ဒေါ်လာ သန်း ၂၀၀ ကျော် တိုးတက်မှုရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက အီးယူဈေးကွက်ရဲ့ အော်ဒါအမှာ တချို့ ၀င်ရောက်မှုရှိလာလို့ ဒီနှစ် တိုးတက်မှု ရှိတယ်လို့ပြောနိုင်ပေမယ့် ကိန်းဂဏန်းအရ ပြောဆိုဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပြည်တွင်း Opal အထည်ချုပ်စက်ရုံက ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်ဇင်ကတော့ အီးယူဈေးကွက်က ၀ယ်သူတွေရဲ့အော်ဒါတွေက ထင်သလောက်ဝင်ရောက်မှု မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍနှစ်ကလည်း အထည်ချုပ်တင်ပို့မှုကနေ ပို့ကုန်ရ၀င်ငွေ ကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013