DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုဆွေးနွေး
DVB
·
March 20, 2014
တနိုင်ငံလုံးအပစ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုဆွေးနွေး
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တနိုင်ငံလုံးအပစ်ခတ်ရပ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ ပါဝင်တဲ့ (အန်စီစီတီ) ခေါ် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေ ထိုင်းနိုင်ငံချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိကအားဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး သဘောတူညီချက်တွေကို အစိုးရနဲ့ ပူးတွဲရေးဆွဲတဲ့အခါ တိုင်းရင်းသားဘက်က ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့နဲ့ မူကြမ်းပါ အချက်အလက်တွေကို ထပ်မံသုံးသပ်ဖို့ ဖြစ်ပါတယ်။

MPC and NCCT meet CM19032014ဒါပေမယ့် ဒီနေ့ ဆွေးနွေးပွဲမှာတော့ ရန်ကုန်မှာ ၀န်ကြီး ဦးအောင်မင်းတို့နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေပဲ ပြန်ပြောကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“ပုံမှန်အစည်းအဝေးပါ။ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်ပေါ့၊ ရန်ကုန်က ပြန်လာတဲ့သူတွေက မသွားရတဲ့သူတွေကို လာရှင်းပြတာပဲ။ မနက်ဖြန်မှာမှ လူရွေးမလား၊ ဘယ်လိုပုံစံနဲ့ လုပ်မလဲ ဆိုတာ ဆွေးနွေးမှာ။ ဒီနေ့ကတော့ လုပ်နည်းလုပ်ဟန်တွေ သုံးသပ်တဲ့အခြေအနေ အဲဒါနဲ့ပဲ တရက် ကုန်သွားတယ်။”

တနိုင်ငံလုံး အပစ်အခတ်ရပ်ရေးစာချုပ် ပူးတွဲရေးဆွဲရေးကော်မတီတွေ ရွေးချယ်ပြီးရင်တော့ လာမယ့် ဧပြီလ ပထမပတ်ထဲမှာ စာချုပ်ကို စတင်ရေးဆွဲနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ရန်ကုန်မှာ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးစဉ်ကတော့ အစိုးရဘက်က ကိုယ်စားလှယ် ၉ ဦးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဘက်က ကိုယ်စားလှယ် ၉ ဦးစီ ပါဝင်ဖို့ သဘောတူခဲ့ပါတယ်။

တပ်မတော်ဘက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို သြဂုတ် ၁ ရက်နေ့ မတိုင်ခင် လက်မှတ်ရေးထိုးချင်ကြောင်း အဆိုပြုထားပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ သူတို့ထက်အရင် မိုးဦးမကျခင် လက်မှတ်ထိုးချင်ကြောင်း၊ ဒါပေမယ့် အချက်အလက်တွေ ကျေလည်ဖို့ အရေးကြီးပါကြောင်း၊ အပစ်ရပ်လက်မှတ်ထိုးပြီးတာနဲ့ ရက် ၆၀ တန်သည်၊ ၉၀ တန်သည် စသဖြင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင် တိုက်တွန်းတောင်းဆိုရမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီမတိုင်ခင်က သူတို့ဟာ ပြည်တွင်းက လက်နက်မကိုင်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးရပ်တည်ချက် သဘောထား ကွဲလွဲမှုမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အန်စီစီတီ အဖွဲ့ဝင် ၁၆ ဦးအနက် ဒေါ်စောမြရာဇာလင်းကလွဲလို့ အားလုံးတက်ရောက်ခဲ့ပြီး မနက်ဖြန် မတ်လ ၂၀ ရက် ဆွေးနွေးပွဲမှာတော့ ဆုံးဖြတ်ချက် တစုံတရာ ချနိုင်မယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013