DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းစာများ ကျပ်သန်းပေါင်း ၄၇၀၀ ကျော် အမြတ်အစွန်းပေါ်
DVB
·
March 19, 2014
နိုင်ငံပိုင်သတင်းစာများ ကျပ်သန်းပေါင်း ၄၇၀၀ ကျော် အမြတ်အစွန်းပေါ်
Donate to DVB

နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေနေတာ အရှုံးမပေါ်ဘဲ ပြီးခဲ့တဲ့နှစ်မှာ ကျပ်သန်းပေါင်း ၄၇၀၀ ကျော် အမြတ်အစွန်း ရရှိခဲ့တယ်လို့ ပြန်ကြားရေးဒုဝန်ကြီး ဦးပိုက်ထွေးက ဒီနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

News Paper and Journal၀န်ကြီးဌာနတွေရဲ့ ရသုံးငွေ လုပ်ငန်းစီမံချက်တွေ လွှတ်တော်ထဲ လာရောက် ရှင်းလင်းတင်ပြရင်း သူက ခုလို ပြောခဲ့တာလို့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

အများပြည်သူ ဘဏ္ဍာငွေတွေနဲ့ နိုင်ငံပိုင်သတင်းစာတွေကို အရှုံးခံ ထုတ်ဝေနေတယ်ဆိုတာ မဟုတ်ပါဘူးလို့လည်း ဒုဝန်ကြီးက လွှတ်တော်ထဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေ အခုလို ကျပ်သန်းပေါင်းထောင်နဲ့ချီ အမြတ်ပေါ်နေချိန်မှာ ပုဂ္ဂလိကသတင်းစာတွေ အရှုံးပေါ်နေကြတာ ဖြစ်ပြီး သတင်းစာတချို့ ထုတ်ဝေတာ ရပ်ဆိုင်းလိုက်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013