DVB Logo
Home
မြန်မာသတင်း
အာဆီယံလူငယ်ဖိုရမ်တွင် ဘုံသဘောတူညီချက် ၆ ခုရရှိ
DVB
·
March 19, 2014
အာဆီယံလူငယ်ဖိုရမ်တွင် ဘုံသဘောတူညီချက် ၆ ခုရရှိ
Donate to DVB

အာဆီယံလူငယ်ဖိုရမ်ကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပပြီးစီးခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အချက်အပါအ၀င် ဘုံသဘောတူညီချက် ၆ ခုရရှိခဲ့ပါတယ်။

Asean Youth Forumဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံအပါအ၀င် အာဆီယံ ၁၀ နိုင်ငံက လူငယ် ၁၇၅ ယောက် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်၊ အလုပ်အကိုင်ရှားပါမူ၊ ပညာရေးလိုအပ်ချက်၊ ကျားမခွဲခြား ဆက်ဆံခံရမူနဲ့ ရွှေ့ပြောင်းအလုပ်သမား ရေးရာကိစ္စတွေမှာ လူငယ်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဘုံသဘောတူညီချက်ရရှိခဲ့ပါတယ်။

ဒီနေ့ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံလူငယ်တွေ့ဆုံဆွေးနွေးပွဲဟာ အစိုးရအဖွဲ့ရဲ့ ခြိမ်းခြောက်မူတွေ မရှိခဲ့ဘဲ လာမယ့် ၂၀၁၅ အာဆီယံ လူမူအသိုက်အ၀န်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့တယ်လို့ အာဆီယံလူငယ်ဖိုရမ် မီဒီယာကော်မတီအဖွဲ့ဝင် မဖွေးယုမော်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ တက်ရောက်လာတဲ့ မစ္စအာနန်ကလည်း အရှေ့တောင်အာရှမှာ ကျားမခွဲခြားဆက်ဆံမှုတွေရှိနေပြီး တန်းတူအခွင့်အရေးရဖို့ အကြံပြုချက်တွေလိုတယ်လို့ စကားပြန်ကနေတဆင့် ပြောပါတယ်။

အာဆီယံလူငယ်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၄ ကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မတ်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့တာပါ။
အာဆီယံလူငယ်ဖိုရမ်ကို ၂၀၀၉ ခုနှစ်ကနေစတင်ပြီး ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လက်ခံခဲ့ပြီး အာဆီယံလူငယ်ဖိုရမ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013