DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ပို့ဆောင်မည့် ရွှေကျပ် ၄၀ သားအား ကညင်ချောင်းစီးပွားဇုန်၌ ဖမ်းမိ
DVB
·
May 24, 2022
ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်ပို့ဆောင်မည့် ရွှေကျပ် ၄၀ သားအား ကညင်ချောင်းစီးပွားဇုန်၌ ဖမ်းမိ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားမဝင်ပိုးဆောင်မယ့် ရွှေကျပ် ၄၀ သားအား ကညင်ချောင်းစီးပွားရေးဇုန်မှာ မေ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ကညင်ချောင်းစီးပွားဇုန်တာဝန်ရှိသူတွေက ပြောပါတယ်။

“ဟုတ်တယ်။ မနေ့က ပူးပေါင်အဖွဲ့က ကုန်ပစ္စည်းတွေကို စစ်ဆေးနေတယ်၊ အဲဒီအနားကို ရောက်လာတဲ့ အမျိုးသား တစ်ယောက်ကို  မသင်္ကာစရာဖြစ်လို့ ခေါ်တဲ့အခါ ရွှေထုတ်ကိုချပြီး ထွက်ပြေးသွားတာ။” လို့ ကညင်ချောင်းစီးပွားရေးဇုန် တာဝန်ရှိသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်းစီးပွားရေးဇုန်အတွင်း ဆိပ်ခံတံတားတွေက ကုန်ပစ္စည်းတွေကို ပူးပေါင်းအဖွဲ့က လှည့်လည်စစ်ဆေးစဉ် ဆိပ်ခံ ၃ နဲ့ ကိုက် ၃၀ လောက်အကွာ ကညင်ချောင်းစီးပွားရေးဇုန်အဝင်လမ်းမှာ မသင်္ကာစရာ အမျိုးသား ၁ ဦးအား စစ်ဆေးဖို့ ခေါ်ယူခဲ့ရာ အစစ်ဆေးမခံဘဲ ပုဆိုးနဲ့ ထုပ်ထားတဲ့ အထုပ်တထုပ်အား လွှတ်ချကာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။

လွှင့်ပစ်ခဲ့တဲ့ အထုပ်အား သက်သေတွေနဲ့အတူ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အကယ်ဒမီတံဆိပ်ပါ ရွှေအလေးချိန် ၁၀ ကျပ်သားခန့်  ၄ တုံး (ကာလတန်ဖိုး စုစုပေါင်း ၈၂၀ သိန်း) လောက်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမျာ ထွက်ပြေးလွတ်မြောက်သွားသူ အမျိုးသားအား ဆက်လက်ရှာဖွေဖော်ထုတ်နေတယ်လို့ သိရှိရပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့ကလည်း ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သယ်ဆောင်မယ့် သံသယနဲ့ ရွှေချောင်း ၂၀ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013