DVB Logo
Home
မြန်မာသတင်း
မစ္စတာ ကင်တားနား မြန်မာ့လူ့အခွင့်အရေးအခြေအနေ တင်သွင်း
DVB
·
March 19, 2014
မစ္စတာ ကင်တားနား မြန်မာ့လူ့အခွင့်အရေးအခြေအနေ တင်သွင်း
Donate to DVB

ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အတွက် စိုးရိမ်ဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံမှာ ၆ နှစ်ကြာ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ နောက်ဆုံး အစီရင်ခံစာ တစောင်ကို မတ်လ ၁၇ ရက်နေ့က လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တာပါ။

2014-02-20 at 4.30ပြုပြင်ပြောင်းလဲရေးတွေကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိုးရိမ်ဆဲပဲလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူအခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေကို အလေးထား ဖော်ပြခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စိတ်ချရတဲ့ ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ကြိုးစားနေတဲ့အပေါ်မှာ အပစ်အခတ်ရပ်ရေး သဘောတူညီချက်တွေဟာ လုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်ဖို့ အားပေးစေကြောင်း၊ ပြုပြင်ပြောင်းလဲရေးကာလမှာ နှစ်ဖက်အကြား ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့နဲ့ ယုံကြည်ရတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားမျိုးစုံ၊ ဘာသာရေးအမျိုးမျိုးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်တဲ့ နိုင်ငံဖြစ်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲခေါ်ယူပြီး အာဏာမျှဝေတာ ဖွဲ့စည်းပုံပြန်လည်ရေးဆွဲတာတွေကို ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် တိုးတက်လာတာဟာလည်း ထင်ရှားတဲ့ အပြောင်းအလည်းတခုဖြစ်ကြောင်း၊ အခု ပြည်သူတွေ နဲ့ လူမှုအဖွဲ့အစည်းတွေအကြားမှာ ပိုပြီး ပွင့်လင်းလွတ်လပ်လာနေကြကြောင်းနဲ့ အကျဉ်းသားတွေ လွှတ်ပေးလိုက်တာကလည်း အစိုးရရဲ့ အရေးကြီးဆုံး အောင်မြင်မှုတခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ပြုပြင်ပြောင်းလဲရေးကာလမှာ အကောင်းဘက်ကို ဦးတည်နေတယ်ဆိုတာ ပြောလို့ရပေမယ့် ရခိုင်ပြည်နယ် အခြေအနေကို ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်စိုးရိမ်ရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ သူတွေအတွက်ကိုလည်း အထူးစိုးရိမ်ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ အခုထက် ကျယ်ပြန့်တဲ့ အစီအစဉ်နဲ့ ပြဿနာကို လေးလေးနက်နက်ထား ဆောင်ရွက်ဖို့က အစိုးရအတွက် အရမ်းအရေးကြီးတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂကလည်း ကင်တားနားရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေဟာ လမ်းကြောင်းမှန်ဘက်ကို ဦးတည်နေတယ်ဆိုတာ လက်ခံတဲ့အကြောင်း၊ ဒါပေမယ့် အကျဉ်းသားတွေကို ဆက်ထိန်းသိမ်းထားတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အရေးဟာလည်း နိုင်ငံတာကာ အသိုင်းအဝိုင်း နဲ့ အစိုးရအတွက် စိန်ခေါ်မှု တခုဖြစ်ကြောင်း၊ လူ့အခွင့်အရေး စိန်ခေါ်မှုတွေအားလုံး လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013