DVB Logo
Home
မြန်မာသတင်း
အခြေခံဥပဒေ ပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်လူထုဆန္ဒ ရယူမည်
DVB
·
March 19, 2014
အခြေခံဥပဒေ ပြင်ရေး ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်လူထုဆန္ဒ ရယူမည်
Donate to DVB

အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထားရယူပွဲခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က တတိယအကြိမ်မြောက် မိုးကုတ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

မတ် ၂၂ ရက်နေ့ နေပြည်တော်ကနေ ထွက်ခွာမှာ ဖြစ်ပြီး မန္တလေး ပြင်ဦးလွင်ကတဆင့် မိုးကုတ်ကို သွားရောက်မှာ ဖြစ်သလို ညနေ ၄ နာရီ မိုးကုတ် အောင်နန်းဘောလုံးကွင်းမှာ လူထုဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေး ကော်မတီက ဦးကြည်တိုးက ပြောပါတယ်။

DASSK HlaiBwe CapaliVillige19012014 RepairConstitionမတ် ၂၃ ရက်နေ့ မနက်မှာ မိုးကုတ်ကနေ ပြန်လည်ထွက်ခွာလာပြီး ကြပ်ပြင်မှာ လူထုဟောပြောပွဲထပ်မံ ပြုလုပ်မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။

“ကြပ်ပြင်ကနေ ကားတမ်းနဲ့ ပြန်ဆင်းလာပြီးရင် ပြင်ဦးလွင်မြို့မှာ နေ့လည်စာစားပြီး နားပါ့မယ်။ အဲဒီလို နားရင်းနဲ့ စာပေသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်မှာပါ။ အဲဒါက လူထုဟောပြောပွဲ မဟုတ်ပါဘူး။ စာပေသမားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ ပွဲပါ။ အဲဒီအကြောင်းက ကျင်းပသွားခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော်တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ အဲဒီလို တက်ရောက်ခဲ့တဲ့ အခါမှာ မန္တလေးက စာပေအသိုင်းအ၀ိုင်းနဲ့ စုံစုံလင်လင် မတွေ့ခဲ့ရတဲ့အတွက်ကြောင့် အခုလို အခွင့်အရေးရတဲ့အခိုက်မှာ မန္တလေးက စာပေသမားအုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပွဲလေး စီစဉ်တာပါပဲ။”

စာပေသမားတွေနဲ့တွေ့ဆုံရာမှာ ဆွေးနွေးမယ့် အကြောင်းအရာကို မေးမြန်းရာမှာတော့ ဆွေးနွေးမယ့် အကြောင်းအရာကို ဘောင်သတ်မှတ်ထားတာမရှိဘူးလို့ ပြောပါတယ်။

မိုးကုတ်ခရီးစဉ်အတွင်းမှာလည်း ကျောက်မျက်လုပ်ငန်းရှင်အပါအ၀င် အလုပ်သမားတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေသလို ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေထဲက ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၊ လုံခြုံရေးတာဝန်ရှိထားတဲ့ ဦးဝင်းထိန်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မယ်လို့ အန်အယ်လ်ဒီ ပြန်ကြားရေးကော်မတီဝင် ဦးအေးကြူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးတွေထွက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေကို နိုင်ငံတ၀န်း လိုက်လံဟောပြောနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013