စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပျော့ရွာအနောက်မှာ မေလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကိုမောင်းလာတဲ့ စစ်ကောင်စီတပ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
မိုင်းဆွဲတိုက်ခိုက်တာကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က လုပ်ဆောင်ခဲ့တာလို့ပြောပါတယ်။
“အသေအပျောက်၊ ဒဏ်ရာရကတော့ ရှိနိုင်တယ်။ သူတို့ဘက်က အင်အားအပြည့်နဲ့ လာတာဆိုတော့။ ထိတာတော့ ထိနိုင်တယ်။” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ဒီမနက် ၁၁ နာရီလောက်ကလည်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့တပ်ခွဲ DK PDF(MMU) က မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားမှာ စစ်ကောင်စီတပ်ကား ၁၆ စီးကို မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပစ္စည်းချို့ယွင်းချက်ကြောင့် မအောင်မြင်ခဲ့ဘူးလို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။