DVB Logo
Home
မြန်မာသတင်း
Chevron ရေနံချက်စက်ရုံရှေ့ အမေရိကရောက် မြန်မာများ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 23, 2022
Chevron ရေနံချက်စက်ရုံရှေ့ အမေရိကရောက် မြန်မာများ ဆန္ဒပြ (ဓာတ်ပုံ)
1 / 6
Donate to DVB

Chevron ကုမ္ပဏီအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထံကို  ပိုက်ဆံတွေ ဆက်မလွှဲဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရစ်ချမွန်မြို့က Chevron ရေနံချက်စက်ရုံရှေ့မှာ အမေရိကရောက် မြန်မာတွေ မေ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြသူ ၂၀၀ ကျော်ပါဝင်တဲ့ ဒီလှုပ်ရှားမှုကို  နေ့လယ် ၁၂ နာရီကနေ ၂နာရီထိ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဆန္ဒရာမှာပါဝင်တဲ့ Save Myanmar San Francisco အဖွဲ့မှ ဦးကိုကိုလေးက“Chevron ကုမ္ပဏီကြောင့် လူ့ခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေလို့ မေလ ၂၁ ရက်နေ့ကို Chevron ကုမ္ပဏီဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့အဖြစ် နိုင်ငံတကာလူအခွင့်အရေးလှုပ်ရှားသူတွေက သတ်မှတ်ထားကြပြီး ဒီလှုပ်ရှားမှုရဲ့ ၉ ကြိမ်မြောက် အဖြစ်ဒီနေ့ဆန္ဒပြခဲ့တာ”လို့ ပြောပါတယ်။

“မြန်မာဘက်ကအဖွဲ့အစည်းတွေကတော့ Save Myanmar San Francisco ရယ်၊ Free Burma Action Committee ရယ် Burmese Democratic Alliance ရယ် CRPH Support အဖွဲ့ရယ် ၄ဖွဲ့ပေါင်းပြီးပါဝင်ခဲ့တယ်။ 

“ကျနော်တို့ အဓိကတောင်းဆိုခဲ့တာကတော့ MOGE ကို ပေးနေတဲ့ ပိုက်ဆံတွေ ရပ်ဖို့နဲ့ ပေးရဖို့ရှိရင် ကြားခံဘဏ်အကောင့်ထဲ သိမ်းထားဖို့။ MOGE ကိုပေးမယ်ဆိုရင် စစ်တပ်က လက်နက်တွေဝယ်ပြီး ပြည်သူကိုသတ်နေတဲ့အတွက်ကြောင့် ဒီပိုက်ဆံတွေကို ထိန်းချုပ်ထားဖို့ကို အဓိက တောင်းဆိုခဲ့တာ။ Chevron မှာရှိတဲ့ အရာရှိတွေကို ဆက်သွယ်ပြီးလည်း စာပို့ခဲ့ပါတယ်။ ဒါက သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအနေနဲ့လည်း  ပြည်တွင်းရော ပြည်ပပါ ပေါင်းစည်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”

မေ ၂၅ ရက်နေ့ ရှယ်ယာရှင်အစည်းအဝေးမှာ ရှယ်ယာရှင်တွေကို တိုက်ရိုက်ဖိအားပေးဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအနေနဲ့ မြန်မာပြည်သူ လက်မှတ် ၂ သိန်းကျော်ရအောင် ကောက်ယူနေပြီး အွန်းလိုင်းဆန္ဒပြပွဲတွေမှာ ပြည်သူတွေကို ပါဝင်ပေးဖို့ လှုံ့ဆော်မှုတွေကို Blood Money Campaign အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆက်တိုက်ကြေညာမှုတွေ ရှိနေပါတယ်။

ဒီနှစ် ဇန်နဝါရီလ ၂၁ နေ့မှာ Chevron ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြညာခဲ့ပေမဲ့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိုက်ဆံဆက်ပေးဖို့ ရှိနေခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။

Chevron ထွက်ခွာမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013