DVB Logo
Home
မြန်မာသတင်း
“အညာမြေအတွက်သိန်းတစ်ထောင်”ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၇၂၀ ကျော်ရရှိထား
DVB
·
May 23, 2022
“အညာမြေအတွက်သိန်းတစ်ထောင်”ကမ်ပိန်းမှ တပတ်အတွင်း ကျပ်သိန်း ၇၂၀ ကျော်ရရှိထား
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရရာလက်နက်ကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ အညာမြေက သူရဲကောင်းတွေကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် အချိန် ၁၀ ရက်၊ သိန်းတစ်ထောင်ကမ်ပိန်းကို စတင်နေပြီး လတ်တလောမှာတော့ သီတင်းတပတ်အတွင်း ငွေကျပ်သိန်း ၇၂၀ ကျော် ရရှိထားတယ်လို့ သိရပါတယ်။

“အညာမြေမှာ ရွာဦးထိပ် ဘုန်းတော်ကြီးကျောင်းကနေ တရွာလုံးက အိမ်ကြီးရခိုင်တွေ တဲငယ်လေးတွေကအစ မြင်မြင်သမျှ ရွာလုံးကျွတ် မီးတင်ရှို့ခံရတာ… နံရိုးပြိုင်းပြိုင်းနဲ့ နွားပိန်လေးတွေ လှည်းတပ်၊ အိမ်က ရှိစုမဲ့စုလေးတွေ ထုပ်ပိုး၊ လယ်ကန်သင်းရိုးမယ် အမျိုးသမီးလေးတွေ လှည်းမောင်းပြီး မိသားစုတွေ လွတ်ရာပြေးကြရတာ… အမယ်အိုကြီးတွေ၊ ကလေးငယ်လေးတွေ၊ စိုက်ပျိုးသူမဲ့ ခြောက်ခမ်းယာမြေတွေ… အညာဟာ ဘဝနဲ့ ရင်းနေကြရတာ မျက်မြင်ပါပဲ ”လို့ ဒီကမ်ပိန်းစီစဉ်သူတွေက ဆိုပါတယ်။

ဒီကမ်ပိန်းကိုတော့ People Of Evolving Myanmar အဖွဲ့က ဦးဆောင်တာဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံနဲ့ Payment Gateway တွေကတဆင့် လာမယ့် မေ ၂၆ ရက်အထိ ဆက်သွယ်လှူဒါန်းနိုင်မယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်သတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

“ဒီကမ်ပိန်းဟာ အခုလတ်တလော အညာကိုစစ်ကြောင်းထိုးရင်း ဖက်ဆစ်စတိုင်နဲ့ လမ်းမှာတွေ့သမျှ ဖျက်ဆီးမီးရှို့နေတဲ့ စောင်ရူးတပ်ကို ရသလိုတွန်းလှန်ဖို့ အညာပီဒီအက်ဖ်တွေ နှုတ်ခမ်းနီမပြတ်ရေး ရန်ပုံငွေပါ… အညာမှာ စစ်ကိုင်းတိုင်းချည်း ၃၄ မြို့နယ်, ၅၀ မြို့ရှိတာမို့ တစ်မြို့ ၂၅ သိန်း ထောက်ပို့ရင်တောင် သိန်း ၁၂၅၀ ပါ… မြို့တိုင်းမှာလည်း ခုဆို ပီဒက်တွေ ၃/၄ ဖွဲ့ရှိကြပါတယ်… စစ် (-) ဆိုလည်း စစ်ကိုင်းက အမှည့်ခြွေချနေတာမှ စစ်ကိုင်းဟာ မြန်မာမှာ တိုရှည်အင်အားအနည်းဆုံး၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုအများဆုံးနဲ့ စစ် (-) အခြွေဆုံးဒေသဆိုတာ ငြင်းမရပါဘူး… သိန်းတစ်ထောင်ဆိုတာ ဂဏန်းအနေနဲ့ များသလိုရှိပေမယ့် ရင်ဆိုင်တိုက်ပွဲသာ ဖြစ်ကြည့် ငါးပွဲစာ ကျည်ဖိုးပဲရှိပါတယ်… ဒီ နေ့ Day 7 မှာ သိန်း ၇၇၀ နီးပါးရပါပြီ.. နောက် ၃၀ ထပ်ဖြည့်ကြရအောင်လားနော်။”

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်း နေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013