DVB Logo
Home
မြန်မာသတင်း
စစ်တွေတက္ကသိုလ်တက်ရန် မောင်တော မွတ်ဆလင်ကျောင်းသား ၂၂ ဦးသာ ခရီးသွားခွင့်ရရှိထား
DVB
·
May 22, 2022
စစ်တွေတက္ကသိုလ်တက်ရန် မောင်တော မွတ်ဆလင်ကျောင်းသား ၂၂ ဦးသာ ခရီးသွားခွင့်ရရှိထား
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်တက်ရောင်ဖို့ မောင်တောခရိုင်က မွတ်ဆလင်ကျောင်းသား ၂၂ ဦးသာ ခရီးသွားလာခွင့်ရရှိသေးတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

"ကျနော်တို့ ၂၂ ဦးကို မနေ့က ခရီးသွားလာခွင့်လက်မှတ်တွေ မြို့နယ် လဝက က ထုတ်ပေးလိုက်ပါတယ်။ နောက် ဒုတိယအသုတ်တင်ထားတဲ့ ကျောင်းသားတွေ ခွင့်ပြုချက် မရသေးကြသေးပါ” လို့ ဓာတု၊ ဇီဝ မေဂျာနဲ့ စစ်တွေတက္ကသိုလ်တက်ရောင်မယ့် ကျောင်းသားတဦးက ပြောပါတယ်။

စစ်တွေတက္ကသိုလ်နေ့သင်တန်းတွေကို မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်နေပေမယ့် မောင်တောခရိုင်မှ မွတ်ဆလင်ကျောင်းသူကျောင်းသား ၄၀ ကျော် ခရီးသွားလာခွင့်အား မောင်တောခရိုင်လဝကရုံးမှာ လျှောက်ထားကြရာ ကျောင်းသား ၂၂ ဦးသာ မေလ ၂၁ ရက်နေ့က ခွင်ပြုချက်ပေးခဲ့တာလို့ ဆိုပါတယ်။

အင်္ဂလိပ်မေဂျာကျောင်းသားတဦးက “ခရီးသွားလာခွင့်လျှောက်တာ အချိန်ကြာတာကြောင့် ကျနော်တို့ တက္ကသိုလ်ကျောင်းသွင်းဖို့ နောက်ကျခဲ့ရတယ်။ ဒါပေမယ့် ကျောင်းသွင်းခွင့်ကို မေ ၁၇ ရက်ကနေ ၂၇ အထိ တိုးထားတယ်လို့တော့ သိရတယ်” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့မှာတော့ တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသူကျောင်းသား ၅၀ ကျော် ရှိပေမယ့် ခရီးသွားလာခွင့်အား မနက်ဖြန်မှ စတင်လျှောက်ထားကြမယ်လို့ ကျောင်းသူကျောင်းသားတွေက ပြောပါတယ်။

"ကျနော်တို့က မောင်တောက ခရီးသွားလာခွင်လျှောက်တဲ့ ကျောင်းသားတွေ ခွင့်ပြုချက်ရမလား မရဘူးလားဆိုတာ စောင့်ဆိုင်းနေတာပါ။ အခုလျှောက်ထားသူတွေထဲက ၂၂ ဦး ခွင့်ပြုချက်ရတယ်ဆိုတော့ ဘူးသီးတောင်က ကျောင်းသူကျောင်းသားတွေအားလုံး သွားလျှောက်ကြမှာပါ” လို့ ဘူးသီးတောင်မြို့မှ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ကျောင်းသူကျောင်းသားတေါကို ၂၀၁၂ ခုနှစ် လူမျိုးရေးဋိပက္ခတွေကြောင့် ၂၀၂၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တက္ကသိုလ် တက်ရောက်ခွင့်အား ပိတ်ပင်ထားခဲ့တာပါ။

အခု ၂၀၂၂ ခုနှစ်ပညာသင်နှစ်မှာတော့ စစ်တွေတက္ကသိုလ်မှာ မွတ်ဆလင်ကျောင်းသူကျောင်းတွေ ကျောင်းတက်ရောက်နေကြပြီးဖြစ်ပေမယ့် မောင်တောခရိုင်က မွတ်ဆလင်ကျောင်းသူကျောင်းသားတွေကတော့  ခရီးသွားလာခွင့်ခွင့်ပြုချက်ရဖို့ အချိန်ကြန့်ကြာနေတာကြောင့် တက္ကသိုလ်မတက်ရောက်နိုင်ကြသေးတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013