DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စိတ်ဝေဒနာရှင် ကလေးငယ် ၁ ဦး နှင့် နဂါးနက်စစ်ကြောင်းခေါင်းဆောင် ၁ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
DVB
·
May 21, 2022
တနင်္သာရီတွင် စိတ်ဝေဒနာရှင် ကလေးငယ် ၁ ဦး နှင့်  နဂါးနက်စစ်ကြောင်းခေါင်းဆောင် ၁ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့ကို  မေလ ၁၉ ရက် ညပိုင်းကစပြီး စစ်ကောင်စီတပ်တွေ  ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် သာရဘွင်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာမှာရှိတဲ့ တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF)  နဂါးနက်စစ်ကြောင်းခေါင်းဆောင် ဦးဆေးတံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခေါင်းဖြတ်သတ်ခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဒါ့အပြင် တကူကျေးရွာက မသန်စွမ်းဖြစ်သူ အသက် ၁၀ နှစ်အရွယ် စိတ်ဝေဒနာခံစားနေရတဲ့ ကလေးငယ်နဲ့ ရွာသားတယောက်ကိုလည်း  သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသလို ဒီဗွီဘီအနေနဲ့ စစ်ကောင်စီထံ မေးမြန်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအလုံးအရင်းသုံးပြီး တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို မေလ ၂၀ ရက် ကလည်း သာရဘွင်ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တနင်္သာရီမြို့နယ်ထဲက ကျေးရွာတွေမှာ ပြည်သူ့စစ် တပ်သားသစ်တွေစုဆောင်းနေပြီး ကျေးရွာတရွာကို လူအယောက် ၂၀ ထုတ်ပေးရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ရွာသားတွေက မဲနှိုက်ပြီး ပြည်သူ့စစ်ထဲ ဝင်ပေးနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ကရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၁၀၀၀၀ ကျော်ဟာ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးကုန်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

ကျေးရွာသားတချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားသလို ကျေးရွာသားတချို့လည်း သတ်ဖြတ်ခံထားရကာ အရေအတွက်အတိကျကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013