DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီးယွက်စစ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖယ်ဒရယ်အကြောင်းရှင်းပြ၊ RCSS ဥက္ကဋ္ဌနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ဆက်ဆွေးနွေးမည်
DVB
·
May 21, 2022
ဗိုလ်ချုပ်ကြီးယွက်စစ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီနှင့် ဖယ်ဒရယ်အကြောင်းရှင်းပြ၊ RCSS ဥက္ကဋ္ဌနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ဆက်ဆွေးနွေးမည်
1 / 2
Donate to DVB

နေပြည်တော်ကိုရောက်လာတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီနဲ့ ဖယ်ဒရယ်အကြောင်း ရှင်းပြခဲ့ပြီးနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြကာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 

RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့အဖွဲ့ကို  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ မေလ ၂၀ ရက်မနက်က တွေ့ဆုံခဲ့တာပါ။

ဒီလိုတွေ့ဆုံဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်တွေကိုရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ အချိန်ဇယား (Time Frame) ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားမယ့် အခြေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး စစ်ခေါင်းဆောင်က အမှတ်တရလက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြတယ်လို့ဆိုပါတယ်။

RCSS (SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ဟာ နေပြည်တော်မှာ  စစ်ကောင်စီဖွဲ့ပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး RCSS /SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက “နှစ်ဘက်လုံးအတူတူကတော့ နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ချင်တယ်ဆိုတဲ့ဟာကတော့ အတူတူဖြစ်တာပေါ့ ၊ နံပါတ် ၂ ကျတော့ ယုံကြည်မှုတွေတည်ဆောက်ကြမယ်၊ ယုံကြည်မှုရလာတဲ့အခါကျမှဘဲ နိုင်ငံရေးကိစ္စတွေ ဆက်လက် ဆွေးနွေးကြမှာပေါ့နော်၊ တချို့ကတော့ ပြောမှာပေါ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်၊ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ  ဟိုးအရင်ခေတ်ကတည်းက ခုထိပဲ ၊ အပြောပဲ ဆိုတာမျိုးပေါ့ ၊ ဒါပေမဲ့ အခုယုံကြည်မှုတည်ဆောက်တာမှာ အပြောနဲ့ဘဲမဟုတ်ဘူးပေါ့နော်၊ လက်တွေ့ကျကျ ဆောင်ရွက်ကြမယ်ဆိုတဲ့အမြင်တော့ နှစ်ဘက်လုံးမှာရှိပါတယ်”လို့ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ဘက်က လိုက်လျောနိုင်သလောက် အကောင်းဆုံးဆောင်ရွက်ပေးမယ်လို့ ယုံကြည်တယ်လို့လည်း RCSS ကပြောပါတယ်။

စစ်ခေါင်းဆောင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ဖို့  စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့က စာရင်းပေးထားပြီး   ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားဖို့ အစီအစဉ်ရှိနေတာပါ။

မေလ ၂၀ ရက်ကနော့  RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပထမဆုံးအဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013