DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့အနီး ငလျင်လှုပ်
DVB
·
May 21, 2022
မိုးကောင်းမြို့အနီး ငလျင်လှုပ်
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့အနီးမှာ မေ ၂၁ ရက် မနက် အစောပိုင်းက အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၃ ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ၁ နာရီကျော်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၆ မိုင်လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း မိုးကောင်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၉ မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။

မေ ၁၉ ရက်ကလည်း  မိုင်းရှူးမြို့အနီး  အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ ရှိ    မြေငလျင်တစ်ခု လှုပ်ခတ်သွားပါတယ်။

မေလ ၁၈ ရက်ကလည်း မိုင်းပြင်းမြို့နဲ့ ၂၆ မိုင်ခန့်အကွာမှာ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု၊ ကျိုင်းတုံမြို့ရဲ့ ၆၂ မိုင်ခန့်အကွာမှာ ပြင်းအား ၅ ဒသမ ၀ အဆင့်ရှိ မြေငလျင်တစ်ခုနဲ့ ကျိုင်းတုံမြိုရဲ့ ၅၆ မိုင်ခန့်အကွာမှာ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်သွားပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့အနားမှာလည်း မေလ ၁၈ ရက်က အင်အားရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အဆိုပါ မြေငလျင်တွေနဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးမှု အခြေအနေသတင်းတွေကတော့ မရ ရှိ ပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013