
လန်ဒန်အခြေစိုက် လူ့အခွင့်အရေးနဲ့ စီးပွားရေးအဖွဲ့၊ ဒိန်းမတ် လူ့အခွင့်အရေးအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမင်းက ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ “မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန” MCRB ဟာ မြန်မာ့ထိပ်တန်း စီးပွားရေးကုမ္ပဏီ ၆၀ ကျော်ကို စစ်တမ်းကောက်ယူပြီး ရရှိလာတဲ့ အချက်အလက်တွေကို လာမယ့် ဇွန်လမှာ ထုတ်ပြန်သွားမယ်လို့ ကြေညာပါတယ်။
အခုလို စစ်တမ်း ကောက်ယူရတာဟာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေရဲ့ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့က စစ်တမ်းကောက်ခံမယ့်အထဲမှာ ထူးကုမ္ပဏီ၊ ရွှေတောင်၊ ရွှေသံလွင်နဲ့ ကမ္ဘောဇလို ကုမ္ပဏီကြီးတွေ ပါဝင်မယ် လို့ ဆိုပါတယ်။
ဒီအဖွဲ့ကို ဗြိတိန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ အိုင်ယာလန်နိုင်ငံ အစိုးရတွေကနေ ရန်ပုံငွေ ပံ့ပိုးပေးတာ ဖြစ်ပြီး အဖွဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့ရဲ့ သုတေသန နည်းစနစ်ကို အခြေခံပြီး စစ်တမ်းကော











