DVB Logo
Home
Lead Story
ဟံသာဝတီလေဆိပ် တင်ဒါကိစ္စ တစ်က ပြန်စ
DVB
·
March 19, 2014
ဟံသာဝတီလေဆိပ် တင်ဒါကိစ္စ တစ်က ပြန်စ
Donate to DVB

မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး တင်ဒါအောင် ကုမ္ပဏီတွေနဲ့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ဆွေးနွေးရာမှာ အဆင်မပြေမှုတွေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိလာတာကြောင့် နဂို တင်ဒါ တင်သွင်းခဲ့တဲ့ ကုမ္ပဏီကြီးအားလုံး တင်ဒါအသစ် ပြန်လည် တင်သွင်းကြဖို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက အကြောင်းကြားထားပါတယ်။

[caption id="attachment_53449" align="alignright" width="300"]ဟံသာဝတီလေဆိပ် နမူနာအား တွေ့မြင်ရစဉ် ဟံသာဝတီလေဆိပ် နမူနာအား တွေ့မြင်ရစဉ်[/caption]လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနဟာ တင်ဒါအောင်ထားတဲ့ ကိုရီးယား အင်းချွန် ကုမ္ပဏီနဲ့ ဆွေးနွေးမှုလုပ်ရာမှာ နဂို တင်ဒါတင်စဉ်က ဖော်ပြမထားတဲ့အချက်တွေ တောင်းဆိုလို့ ဆိုပြီး ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒုတိယရွေးချယ်ထားတဲ့ စင်ကာပူအခြေစိုက် ရန်နန်ကုမ္ပဏီနဲ့ ဆွေးနွေးရာမှာတော့ နိုင်ငံခြားကနေ တရားဝင် ဖွံဖြိုးမှုအကူအညီ(အိုဒီအေ) ၅၀ ရာခိုင်နှုန်း ရယူ တည်ဆောက်မယ် ဆိုပြီး တင်ပြလာတဲ့အတွက် အခြားကုမ္ပဏီတွေကိုပါ ဒီအခွင့်အရေး တန်းတူ ပေးချင်တာကြောင့် တင်ဒါ အသစ်ပြန်ခေါ်ခဲ့တာလို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

တင်ဒါတွေကို လာမယ့် ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပြီး တင်ဒါ ဘုတ်အဖွဲ့က စစ်ဆေးအတည်ပြုမယ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013