DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍအတွက် နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပေးရန်လို
DVB
·
March 19, 2014
လယ်ယာကဏ္ဍအတွက် နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပေးရန်လို
Donate to DVB

လယ်ယာကဏ္ဍမှာ လိုအပ်နေတဲ့ချေးငွေတွေကို အတိုးနှုန်းသက်သာစွာနဲ့ ရရှိနိုင်ဖို့ဆိုရင် နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်ပေးဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်ပါတယ်။

လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ချေးငွေကို နိုင်ငံပိုင် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဘဏ် တခုတည်းက ထုတ်ချေးပေးနိုင်တာ ဖြစ်လို့ ငွေကြေးဆိုင်ရာလိုအပ်ချက်က ရှိနေတာပါ။ ဒီပြင် လယ်ယာမြေ မှတ်ပုံတင်ခွင့် မရရှိသေးတာကြောင့်လည်း ပုဂ္ဂလိကဘဏ်တွေကတဆင့် လိုအပ်တဲ့ချေးငွေကို ထုတ်ချေးဖို့က မရသေးပါဘူး။

farmerဒါကြောင့် လိုအပ်တဲ့ချေးငွေကို အတိုးနှုန်းသက်သာစွာနဲ့ ရရှိနိုင်ဖို့ဆိုရင် နိုင်ငံခြား ဘဏ်တွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပေးဖို့လိုကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့လယ်ယာကဏ္ဍအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးနိုင်ဖို့ လာရောက်ဆက်သွယ်မေးမြန်မှုတွေ ရှိပေမယ့် တကယ့်လက်တွေ့မှာတော့ အကောင်အထည် ပေါ်လာတာ မရှိသေဘူးလို့ ဒေါက်တာစိုးထွန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒီနောက် လယ်ယာလုပ်ငန်းနဲ့ ဆက်နွှယ်ပြီး လုပ်ကိုင်နေတဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့ ဘဏ်ရဲ့ အတိုးနှုန်းနွံထဲမှာ နစ်ဝင်မှု ရှိနေပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ဆောင်ရွက်သလိုမျိုး လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး သတ်မှတ်တဲ့ ဘဏ်တိုးနှုန်းပုံစံ မြန်မာနိုင်ငံမှာ ရှိစေလိုကြောင်း ဆန်စက်လုပ်ငန်းရှင် ဦးသောင်းဝင်းက ပြောဆိုခဲ့ပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ထားရှိတဲ့ ချေးငွေအပေါ် အတိုးနှုန်းက ၁၃ ရာခိုင်နှုန်းရှိတာကြောင့် ဒီအတိုးနှုန်းက လယ်ယာလုပ်ကိုင်သူတွေဖို့ ၀န်ပိစေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေက ကိုယ်စားလှယ်ရုံးခွဲအနေနဲ့ ရုံးခွဲပေါင်း ၃၅ ခု ဖွင့်လှစ်ထားရှိပြီး ဖြစ်ပေမယ့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေကို အစိုးရက ခွင့်မပြုထားပါဘူး။ ဒီအတွက် Financial Instituation Law ကို ရေးဆွဲထားရှိပြီး ယင်းဥပဒေအရ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးဖို့ ရှိပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013