DVB Logo
Home
မြန်မာသတင်း
ရွှေလုပ်ငန်းတွင် ပြဒါးအစား ဆာရင်းနိုက်အသုံးပြုသင့်ဟု ပညာရှင်များ အကြံပြု
DVB
·
March 19, 2014
ရွှေလုပ်ငန်းတွင် ပြဒါးအစား ဆာရင်းနိုက်အသုံးပြုသင့်ဟု ပညာရှင်များ အကြံပြု
Donate to DVB

ရွှေထုတ်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အဆိပ်သင့်စေတဲ့ ပြဒါးအစား ချေပျက်မှုလွယ်ကူတဲ့ ဆာရင်းနိုက်အရည်ကို အသုံးပြုသင့်တယ်လို့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးစိန်မြင့်က မနေ့က ရန်ကုန်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

[caption id="attachment_53432" align="alignright" width="300"]သပိတ်ကျင်း ရွှေထုတ်လုပ်ရေးလုပ်ငန်းခွင်အား မြင်တွေ့ရစဉ် သပိတ်ကျင်း ရွှေထုတ်လုပ်ရေးလုပ်ငန်းခွင်အား မြင်တွေ့ရစဉ်[/caption]

အစိုးရရဲ့ ရွှေလုပ်ငန်းတွေမှပဲ ဆာရင်းနိုက်ကို သုံးစွဲနေတဲ့အကြောင်းနဲ့ ပြဒါးသုံးစွဲမှုကို ကန့်သတ်ထားမှု မရှိတဲ့အတွက် မည်သူမဆို သုံးစွဲနိုင်တယ်လို့ သူက ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ ဒေါ်ဒေ၀ီသန့်စင်ကလည်း ပြဒါးက ပြုပြင်ပြောင်းလဲလို့ မရဘဲ လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်ရင် ဆိုးကျိုး ဖြစ်စေနိုင်ပြီး ဆာရင်းနိုက်ကို ဥပဒေစည်းကမ်းအတိုင်း စနစ်တကျသုံးစွဲနိုင်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို)ရဲ့ ထုတ်ပြန်ချက်အရ ရွှေကျင်းတဲ့ လုပ်ငန်းခွင်တွေမှာ မာကျူရီ ခေါ်တဲ့ ပြဒါး ထိတွေ့မှုကြောင့် စိတ်တိုတာ၊ ဒေါသထွက်လွယ်တာ၊ စိတ်လှုပ်ရှားတာ၊ မှတ်ဥာဏ်အားနည်းတာ၊ စိတ်ကျရောဂါနဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013