DVB Logo
Home
မြန်မာသတင်း
မှိုပါဝင်မှုများနေသည့် Deedo အချိုရည်ကို FDA နှင့် အာမခံ ထပ်လုပ်မည်
DVB
·
March 19, 2014
မှိုပါဝင်မှုများနေသည့် Deedo အချိုရည်ကို FDA နှင့် အာမခံ ထပ်လုပ်မည်
Donate to DVB

ထိုင်းနိုင်ငံထုတ် Deedo အချိုရည်မှာ မှိုပါဝင်မှု များနေတယ်ဆိုတာဟာ ထုတ်လုပ်မှုကြောင့် မဟုတ်ဘဲ ဖြန့်ချိရေးအချိန် ကြာမြင့်တာကြောင့် ဖြစ်နိုင်တယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် Deedo အချိုရည်မှာ မှိုပါဝင်မှု များနေတယ်လို့ သမဝါယမဝန်ကြီးဌာန လက်အောက်က ဓာတ်ခွဲခန်းမှာ စမ်းသပ်တွေ့ရှိခဲ့ပေမယ့် ဈေးကွက်ထဲက အချိုရည်တွေကို ပြန်သိမ်းဖို့ မလိုအပ်ဘူးလို့ အချိုရည်ကို ထုတ်လုပ်တဲ့ Food Star ကုမ္ပဏီက မန်နေးဂျင်း ဒါရိုက်တာ မစ္စ ချန်တရာ ပေါင်ဆရီ (Miss.Chantra Pongsri) က ပြောပါတယ်။

deedoမနက်ဖြန်မှာ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း မစ္စ ချန်တရာက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေမှာ Deedo အချိုရည်ဈေးကွက် ရှာဖွေရေးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ သန်း သုံးစွဲဖို့ စီစဉ်ထားတယ်လို့ Food Star ကုမ္ပဏီက မားကက်တင်း မန်နေဂျာ မစ္စတာ ဗီဆပ်တ် (Mr. Visut) က ပြောပါတယ်။

အခုလို ဖြစ်လာပေမယ့်လည်း မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်းပဲ ကြော်ငြာသွားမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Deedo အချိုရည်နဲ့ အိုအီရှီ အာလူးကြော်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ခဲ့ပြီး စားသုံးဖို့ မသင့်တော်ဘူးလို့ မြန်မာနိုင်ငံ စားသုံးသူများ ကာကွယ်ရေးအသင်းက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013