DVB Logo
Home
မြန်မာသတင်း
ဘုရင့်နောင်ဈေးဝန်းကျင် ဒုစရိုက်မှု ပေါများလာ၊ ဆိုင်ရှင်များ စိုးရိမ်
DVB
·
March 19, 2014
ဘုရင့်နောင်ဈေးဝန်းကျင် ဒုစရိုက်မှု ပေါများလာ၊ ဆိုင်ရှင်များ စိုးရိမ်
Donate to DVB

ဘုရင့်နောင်ဈေး ၀န်းကျင်မှာ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေနဲ့ ဒုစရိုက်မှုတွေ အရင်ကထက် များလာလို့ ပွဲရုံပိုင်ရှင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။

မြန်မာပြည်ရဲ့ ကုန်ရောင်းကုန်ဝယ်ဖြစ်ရာ အဓိကဈေးကြီးတခုဖြစ်တဲ့ ဘုရင့်နောင်ဈေး အနီးပတ်ဝန်ကျင်မှာ အရင်ကမရှိခဲ့တဲ့ အနှိပ်ခန်းအယောင်ဆောင် ပြည့်တန်ဆာတန်းတွေနဲ့ ကာရာအိုကေခန်းတွေ တိုးပွားလာလို့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်နေတဲ့ ဈေးသူဈေးသားတွေနဲ့ ပွဲရုံပိုင်ရှင်တွေရဲ့လုံခြုံမှုကို ထိပါးမှုတွေ ရှိနေတာပါ။

BaYintNaungကာရာအိုကေခန်းတွေနဲ့ အနှိပ်ခန်းတွေမှာ အခပေးထားတဲ့ လူမိုက်တွေကို ငှားရမ်းထားပြီး ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ရမ်းကားမှုတွေလည်း ရှိနေတယ်လို့ ၁၇ ရက်နေ့တုန်းက ပွဲရုံပိုင်ရှင်တွေ စုပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပွဲရုံအတွင်းမှာ ဒီနှစ်ဇန်န၀ါရီ လပိုင်းလောက်မှာ ပွဲရုံဖောက်ထွင်းတာတွေ၊ အခိုးခံရတာတွေ စတင်ဖြစ်ပေါ်လာပြီး ဖေဖော်ဝါရီလမှာတော့ အဆိုးဆုံးအခြေအနေထိ ဖြစ်လာတယ်လို့ သူက ပြောဆိုပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်မရှိတဲ့ ဒီဝင်းကျင်မှာလည်း အုပ်စုတွေဖွဲ့ပြီး စီနင်းကြသလို တယောက်နဲ့ တယောက် စိန်ခေါ်ရိုက်နှက်တာမျိုးတွေနဲ့ ဖောက်သယ်လုပြီး ရန်ဖြစ်ကြတာမျိုးတွေလည်း ခဏခဏ ဖြစ်နေလို့ ဆိုပါတယ်။

ဒီလို ကိစ္စတွေကို မြို့နယ်ရဲစခန်းကို အားလုံးသွားရောက်တိုင်ကြားပေမယ့် အရေယူတာတွေ မရှိလို့ ဥပဒေမဲ့သောင်းကျန်းနေသူတွေကို ကြောက်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။

ဘုရင့်နောင်ဈေးကြီးရဲ့ ပတ်ဝန်းကျင်မှာ အရင်က အနှိပ်ခန်းတွေ ကာရာအိုကေခန်းတွေ မရှိခဲ့ပေမယ့် ဒီနှစ်အစောပိုင်းမှာတင် တဖြည်းဖြည်းတိုးပွာလာပြီး ခုဆို အခန်း ၂၀ ၀န်းကျင်လောက်ရှိတယ်လို့ ပွဲရုံပိုင်ရှင်တဦးဖြစ်သူ ဦးထွန်းဝင်းက ပြောပါတယ်။

ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဘုရင်နောင်ရဲခစန်းကို မေးမြန်းဖို့ ကြိုးစားရာမှာ ဖုန်းမကိုင်ဘဲ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကတော့ တိုင်းရုံးကို လာရောက်မေးမြန်းဖို့သာ ဖြေဆိုသွားပါတယ်။

မြို့နယ်ရဲစခန်းတွေကိုလည်း တိုင်ကြားစာထပ်မံပို့ထားပြီး ထူးခြားမှုမရှိရင်တော့ ခရိုင်တိုင်းကနေတဆင့် လွှတ်တော်နဲ့ သမ္မတရုံးအထိအောင် တိုင်ကြားသွားမယ်လို့ ပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013