DVB Logo
Home
မြန်မာသတင်း
မြန်မာ MOU အလုပ်သမား ၁၅၁ ဦး နယ်စပ်မှ ထိုင်းသို့ ထပ်မံဝင်ရောက်
DVB
·
May 19, 2022
မြန်မာ MOU အလုပ်သမား ၁၅၁ ဦး နယ်စပ်မှ ထိုင်းသို့ ထပ်မံဝင်ရောက်
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ၊ မြဝတီဘက်ကနေ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မြန်မာ   MOUအလုပ်သမား ၁၅၁ ဦး မေလ ၁၉ ရက် ဒီနေ့မနက်က တတိယအသုတ်အဖြစ် ထပ်မံဝင်ရောက်လာပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် ၂ နှစ်ကျော်လောက် MOU အလုပ်သမားတင်သွင်းမှုကို ရပ်ဆိုင်းထားရာက မြန်မာလုပ်သားတွေကို ဒီလထဲမှာ ထိုင်းဘက်က စတင်ပြန်လည်လက်ခံနေတာပါ။ 

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ အလုပ်သမား ၅၈၈ ဦး ပို့ဆောင်ခဲ့ပြီး  ဒီကနေ့ မေလ ၁၉ ရက်နေ့မှာတော့ တတိယအသုတ်အနေနဲ့ နောက်ထပ် ၁၅၁ ဦး ဝင်ရောက်လာတာဖြစ်ပါတယ်။ 

အဆိုပါ  မြန်မာအလုပ်သမားတွေကို မြန်မာအလုပ်သမားသံအရာရှိရုံးနဲ့ ထိုင်းနိုင်ငံဌာနဆိုင်ရာတွေက မဲဆောက်နယ်စပ်စခန်းမှာ ကြိုဆိုလက်ခံခဲ့ပြီး အလုပ်သမားတွေ လုပ်ငန်းခွင်ရှိရာသို့ ဆက်လက်သွားရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ဒီနေ့ဝင်​ရောက်လာတဲ့ အလုပ်သမား ၁၅၀ ကျော်ဟာ   ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ Fujikura Electronics(Thailand) ကုမ္ပဏီသို့  ၉၂ ဦး၊ Thai Chin Fu Enterprise  ကုမ္ပဏီကို ၂၉ ဦး၊ Samakee Concrete Product ကုမ္ပဏီကို အယောက် ၃၀  အသီးသီးသွား​ရောက်လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၂၁၀၄၁၃ ( နှစ်သိန်းကျော် ) လက်ခံဖို့ ရှိပြီး demand letter လက်ခံရရှိထားတဲ့ထဲမှာ မြန်မာနိုင်ငံက တစ်သိန်းခွဲထိရှိပါတယ်။

ဒါပေမဲ့ မြန်မာဘက်က တစ်ပတ်ကျော်အတွင်း ရာဂဏန်းလောက်သာ ပို့နိုင်လို့ တရားမဝင် ဝင်ရော က်မှုတွေလည်း နေ့စဉ် ရာနဲ့ချီရှိနေတာလို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေး ပူးတွဲဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

“နေ့စဉ်ရက်ဆက် ထိုင်းနိုင်ငံကို ဝင်နေတာက တရားမဝင် ခိုးဝင်တွေပဲ များနေတယ်။ ဘာကြောင့်လဲ ဆိုတော့ တရားဝင်လုပ်သား ပို့ဆောင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေက အရမ်းနှေးလို့။ လာချင်တဲ့သူက အိမ်ပေါင်၊ လယ်ပေါင်၊ ခြံပေါင် ရှိတာတွေ ပေါင်နှံရောင်းချကြတယ်။ ပြီးတော့ တရားဝင်လမ်းကြောင်းက အိပဲ့အိပဲ့နဲ့ လနဲ့ချီ အကြာကြီး စောင့်ရတော့ မစောင့်နိုင်ဘူးလေဗျာ၊ ထိုင်းမှာ Demand Letter (အလုပ်ခေါ်စာ) ရထားတဲ့ မြန်မာလုပ်သားဦးရေက တစ်သိန်းခွဲလောက်ရှိတာ။ အခု တပတ်ကို ရာဂဏန်းပဲပို့နိုင်တယ်။ နေ့တိုင်းလည်း မဟုတ်ဘူးဆိုတော့ ဆင့်ပါးစပ် နှမ်းပက်သလိုပဲပေါ့ ၊ အဲဒါကြောင့် ခိုးဝင်ကြတာပေါ့။ ပြီးတော့ အဖမ်းခံရတာပေါ့။”

တရားမဝင်အလုပ်သမားဝင်ရောက်မှု အမှန်တကယ်ပပျောက်စေချင်ရင် MOU လုပ်သားပို့ဆောင်ရေးစနစ် မြန်မြန်ဆန်ဆန် ပြီးမြောက်အောင် လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ဖို့ ၊  ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေအနေနဲ့  ကြပ်မတ်ဆောင်ရွက်ပေးဖို့ ဦးမိုးကြိုးက တိုက်တွန်းပြောပါတယ်။

ဒီမေလ ၁ ရက်ကနေ ၁၈ ရက်အထိ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၁၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013